Part (6)

480 50 5
                                    

အေးစိမ့်စိမ့်ခံစားချက်နဲ့အတူပင်လယ်ရနံ့ခပ်သင်းသင်း၊ကိုယ်ကိုကြုံ့နိုင်သလောက်ကြုံ့ပြီး အနွေးဓာတ်ရမဲ့နေရာသို့စိတ်ခံစားချက်အတိုင်းတိုးဝင်ပြီး ပေကပ်ဆက်အိပ်နေလိုက်၏။

အိမ်မက်လိုလို လက်တွေ့လိုလိုဖြင့် bellသံဝိုးတဝါးကနှောင့်ယှက်နေပြီး ပြတ်သားစွာထပ်ထွက်လာတဲ့အသံကြောင့်ဆက်မအိပ်နိုင်တော့ပဲ အသံလာရာထွက်ခဲ့လိုက်တော့ အခန်းbellကိုအဆက်မပြတ်တီးနေတာ၊တံခါးကိုဖွင့်လိုက်တော့ စိတ်မရှည်တဲ့ပုံနဲ့မျတ်မှောင်ကြုံ့ကြည့်နေတဲ့ Jeon Jungkook

"အခုချိန်ထိအိပ်နေတာလား?"

"အော ဘယ်နှနာရီရှိပြီလဲ"

"12ကျော်နေပြီ ဖုန်းကဘာလို့မကိုင်ရတာလဲ"

"ဖုန်း?ဘတ်ထရီကုန်သွားတာထင်တယ် ဘယ်နားထားမိမှန်းလဲမသိဘူး ဘာပြောမလို့လဲ"

"ကမ်းရိုးတန်းတစ်လျောက်ကားပတ်မောင်းမလို့လာခေါ်တာ"

Taehyungက'ထူးထူးဆန်းဆန်း'ဆိုတဲ့အကြည့်နဲ့ကြည့်တော့

"Jihoနဲ့Minyeonလဲပါတယ် သူတို့ကခေါ်ခိုင်းလိုက်လို့ လိုက်မှာဆိုအမြန်ပြင်ဆင်ပြီးလာခဲ့တော့"

"တစ်ခါတည်းစောင့်ပေး 15မိနစ်လောက်ပဲ"

ပြောပြီးလှစ်ကနဲ့ဝင်ပြေးသွားတော့သည်

ခနလောက်နေတော့Taehyung ပြင်ဆင်ပြီးထွက်လာ၏

"သွားမယ်"

ပြောတာကိုမကြားသလိုနဲ့ လူကိုအထက်အောက်မျတ်မှောင်ကြုံ့ကြည့်ကာ

"မင်း ပုံစံကဘာလဲ"

အပွင့်ဆင်shirt အပြာနုခပ်ပွပွကိုကြယ်သီးသုံးလုံးလောက်ဖြုတ်ဝတ်ထားပြီး ပေါင်အလည်လောက်ရောက်နေတဲ့ဘောင်းဘီတိုအဖြူနဲ့ အမွှေးမျှင်ကင်းပြီးစင်းလုံးချောနေတဲ့ခြေတံရှည်ရှည်သွယ်သွယ်တွေက ဘာလို့အဲ့လောက်စိတ်အနှောင့်ယှက်ဖြစ်စေတာလဲ

"ဘာလို့လဲ"

"ဘာလုပ်ဖို့အဲ့လောက်အသားတွေဖော်ထားတာလဲလို့ စင်ယော်တွေကိုfor showလုပ်ဖို့လား?"

ပြောပြီးရှေ့ကနေထွက်သွားတော့သည်၊Taehyung ဆွံ့အသွားရပြီး

"ဘာ?for show?စင်ယော်?တကယ်ကိုဘာတွေပြောသွားတာလဲ?"

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now