Part-3

622 53 3
                                    

အနည်းငယ်နောက်ကျိနေတဲ့ခေါင်းနဲ့နိုးလာခဲ့ပြီး ခုံပေါ်ကAlarmနာရီကိုကြည့်လိုက်တော့8:00။ဒီနေ့တစ်နေ့လုံးScheduleမရှိပေမဲ့ စောထရတဲ့နေ့တွေကများတာကြောင့် စောစောနိုးတာကအကျင့်လိုဖြစ်နေတော့တာ။

အမူးပြေဆေးရည်တစ်ပုလင်းသောက်ပြီး ရေချိုးခန်းဝင်လိုက်သည်။ရေပန်းအောက်မှာ မျတ်လုံးများကိုဖြည်းညှင်းစွာမှိတ်ထားရင်းမနေ့ကအဖြစ်ပျတ်ကိုပြန်တွေးနေမိသည်။

'တကယ်ကို Jeon Jungkookနဲ့ထိပ်တိုက်တွေ့ခဲ့တာပဲ'

ဘလောက်ပဲအကြောတင်းပြီး ဂရုမစိုက်ချင်ယောင်ဆောင်နေလဲ အတိတ်ကအဖြစ်အပျတ်တွေကသူ့ကိုအနည်းနဲ့အများတော့ ရိုက်ခတ်နိုင်တုန်းပင်ဖြစ်၏။ထပ်မတွေ့ချင်တဲ့စိတ်ရှိနေသည့်တိုင် ဒီတောအတွင်းမှာသူဘလိုပုံစံနဲ့ဖြတ်သန်းခဲ့ကြောင်းကိုလဲသိချင်နေမိသေးသည်။

ရေချိုးပြင်ဆင်ပြီး ဒီနေ့တစ်နေ့တာကိုဘလိုကုန်ဆုံးရင်ကောင်းမလဲထိုင်စဉ်းစားနေရင်းမှ ဖုန်းယူကာconnectတစ်ခုကိုဆက်သွယ်လိုက်သည်၊

'အော ကလေး၊မနေ့ကအတွက်sryကိုယ်နဲနဲများသွားလို့ ကောင်းကောင်းပြန်ရောက်တယ်မလား'

"အင်း...ဒီနေ့Scheduleမရှိလို့ တွေ့ရအောင် အာ ဟိုတစ်ခေါက်ကပြောထားတဲ့Jeju tripဒီနေ့သွားရအောင် ခုတလောအရမ်းပင်ပန်းထားတာမို့ 3ရက်လောက်relaxလုပ်ချင်တာ"

'အာ ကိုယ်ဒီရက်ပိုင်းတွေမအားသေးဘူး Winter season collection showအတွက်ပြင်ဆင်စရာတွေအရမ်းများနေသေးတာမို့၊အခုလဲ အဲ့တာအတွက်အရေးကြီးmeetingရှိလို့ သွားနေတဲ့လမ်းမှာ...'

"အဲ့ဒီတော့ ရွှေလိုရှားတဲ့ဒီScheduleလွတ်တဲ့3ရက်လုံးကို ကျွန်တော်တစ်ယောက်တည်းကုန်ဆုံးရမယ်ပေါ့?အဓိပ္ပါယ်မရှိလိုက်တာ"

'ကိုယ်တစ်ကယ်တောင်းပန်ပါတယ်ကလေးရာ၊တကယ်အချိန်က Scheduleအပြည့်နဲ့နည်းနည်းလေးတောင်မလွတ်တာ၊ဒီseason collectionပြီးရင်တော့ အချိန်နည်းနည်းဖယ်လို့ရပါပြီ'

"အမြဲဒီလိုပြောတာပဲခင်ဗျား၊ကျွန်တော့်ထက် အဲ့အလုပ်တွေကိုပဲဦးစားပေးနေတာ တသက်လုံးအဲ့အလုပ်တွေလုပ်ရင်းနဲ့နေသွားတော့ ဘာမှမပြောတော့ဘူး!"

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now