Part-5(part-1)

421 50 3
                                    

Taehyung မနက်3:00လောက်မှာတရေးနိုးလာခဲ့၏။ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်မှာပျံ့ကြဲနေတဲ့မီးပန်းတွေကိုမြင်လိုက်ရတော့ သူထလာပြီး လသာဆောင်ဘက်ထွက်ခဲ့ကာ အောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ party မပြီးသေးတာဖြစ်မည်။

Mini event ပုံစံသာဖြစ်တာမို့ လူအနည်းစုသာရှိသည်။အဲ့ဒီလူအနည်းစုထဲကနေ Hawaii style shirtနဲ့ထင်းထွက်နေတဲ့သူ၊ဘေးမှာကောင်မလေးတွေတရုံးရုံးနဲ့ရယ်မောနေတာကိုကြည့်ပြီး စိတ်ကအလိုမကျချင်လာတော့။

Jiho "အော!V shiiနိုးလာတာလားဗျ"

Minyeon "ဗိုက်ဆာနေမယ်ထင်တယ် စားစရာတွေကဟိုဘက်မှာပါ"

"ဟုတ်..."

Jungkookသူ့အကျီစကိုတစ်ယောက်ယောက်ကလာဆွဲနေတာမို့လှည့်ကြည့်လိုက်တော့ မှင်သေသေမျတ်နှာပေးနဲ့Taehyung ကိုတွေ့သည်၊လက်ထဲမှာကိုင်ထားတဲ့ဝိုင်ကိုတစ်ချက်မော့သောက်ပြီး

"ဘယ်တုန်းကဆင်းလာတာလဲ"

"မင်းကောင်မလေးတွေနဲ့အီစီကလီစလုပ်နေတဲ့အချိန်တည်းက"

Jungkookမျတ်မှောင်ကြုံ့ပြီး

"ဘာတွေလာပြောနေတာလဲ"

ခပ်တိုးတိုးပြောပြီး ကောင်မလေးတွေဘက်ပြန်လှည့်သွားကာ ရယ်မောနေပြန်တာ

Taehyung ခံပြင်းစွာနဲ့ခပ်တိုးတိုးတစ်ချက်သာရယ်ပြီး Jungkookကိုလက်ကနေကိုင်ကာဆွဲလှည်လိုက်တော့ "ဘာလဲ"ဆိုတဲ့မှုန်ကုပ်ကုပ်မျတ်နှာပေးနဲ့ကြည့်လာသည်

"ငါဗိုက်ဆာတယ်"

"အဲ့တော့?"

"စားစရာတစ်ခုခုယူလာပေး"

"ဘာရယ်?"

"နားလေးနေတာလား?"

"မင်းကမှလာနောက်နေတာလား?ဟိုမှာရှိနေတာကို ကိုယ့်ဖာသာသွားယူပြီးစားလိုက်လေ"

အစားအသောက်တွေထားထားတဲ့ခုံတန်းက သူတို့ရပ်နေတဲ့နေရာနဲ့ငါးလှမ်းစာလောက်နေရာမှာပဲရှိနေတာကိုKim Taehyungကဘာပြဿနာဖြစ်နေတာလဲ?

"မင်းသွားယူပေး မင်းမယူပေးရင်မစားဘူး"

မှင်သေသေနဲ့ပြောနေတဲ့Taehyungကို Jungkook အောက်နှုတ်ခမ်းကိုအသာကိုက်ကာ အထက်အောက်ကြည့်လိုက်ပြီးမှ

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now