Part-4

403 46 2
                                    

အနည်းငယ်ကြာအောင်မောင်းပြီးလေဆိပ်သို့ရောက်လာ၏ Taehyung အူလည်လည်ဖြစ်နေတုန်းJungkookကားပေါ်ကနေဆင်းသွားပြီဖြစ်သည်၊သူလဲဆင်းလိုက်ပြီး ကားနားကိုလူတစ်ယောက်လာကာ Jungkookကိုနှုတ်ဆက်သည်၊ထိုလူကိုကားသော့ပေးလိုက်ပြီး

"မန်နေဂျာဂန် ကျွန်တော့်ကောင်မလေးကို စိတ်ချမယ်နော်"

Taehyung ယောင်ရမ်းကာဘေးဘီကိုကြည့်မိသွားပြီးမှ သဘောပေါက်သွားရသည်

ကားကိုကောင်မလေးဆိုပြီးပြောနေတာ တကယ်အရူး

"Yarr အထုတ်တွေမယူပဲဘာလုပ်နေတာလဲ"

"အော အော?အထုတ်တွေကဘာလို့...."

"Flightစီးမှာလေ Jejuမသွားတော့ဘူးလား"

"ဘာ!Flightနဲ့သွားမှာလား?"

"အဲ့ဒီအံ့ဩသွားတဲ့ပုံစံကဘာလဲ မဟုတ်မှ ကားနဲ့သွားမယ်လို့ထင်နေတာတော့မဟုတ်ဘူးမလား?"

Taehyung မျတ်မှောင်ကြုံ့ကြည့်နေတော့

"ကားနဲ့ဆို8:00​နီးပါးမောင်းရမှာ မင်းငါ့ကိုဘာထင်နေလဲ"

"ဘသူကဘာပြောနေလို့လဲ"

Flight စီးမှာကိုမန်နေဂျာနဲ့တစ်ခါတည်းမလာပဲနဲ့

Taehyung စူပုတ်ပုတ်ဖြင့်အိတ်တွေသွားချနေသည်၊မနိုင်မနင်းဖြစ်နေတဲ့သူ့ပုံကို ရယ်ကျဲကျဲနဲ့ကြည့်နေရင်း

"အကူအညီလိုသေးလား"

Taehyung တစ်ချက်သာကြည့်ပြီး Luggageတစ်လုံးကိုထိုးပေးတော့

"အလကားမရဘူး"

"......"

"ကိုကိုလို့ခေါ်"

Taehyung 'မပြောတော့ဘူး'ဆိုတဲ့မျတ်နှာပေးနဲ့ လျစ်လျူရှုကာ အိတ်တွေကိုမနိုင်မနင်းဆွဲပြီး ရှေ့ကနေဦးအောင်သွားလိုက်တော့သည်

Jungkookခပ်ဟဟရယ်ပြီး အနောက်ကနေအသာပြေးလိုက်လာ၏

တကယ်အားနားပါးနာတောင်ကူပြီးသယ်မပေးတာ

"အရူးကောင်"

"အော?အခုငါ့ကိုကျိန်ဆဲလိုက်တာလား"

စိတ်ထဲကနေပဲတွေးတာကို အပြင်မှာပါယောင်ထွက်မိသွားတာ၊Taehyung မသိသလိုနေပြီးသာဆက်လျောက်နေလိုက်သည်

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now