Part-2

360 31 0
                                    

အတော်တန်ကြာအောင်သောက်စားပြီးတဲ့နောက်မှာ လေးယောက်လုံးမှောက်ကုန်ကြသည် Taehyungတစ်ယောက်ပဲ သိပ်မသောက်တဲ့သူမို့ အနည်းငယ်ရီဝေဝေဖြစ်ရုံသာ...Toilet သွားမဲ့အကြောင်း ခုံပေါ်မှောက်နေတဲ့Hajoon နားကိုအသာကပ်ပြောကာထွက်ခဲ့လိုက်သည်

Toiletထဲကထွက်လာလာချင်း ဘေစင်ကိုကျောပေးမှီထားကာ လက်ပိုက်ပြီးသူ့ကိုခပ်စူးစူးကြည့်တဲ့Jungkookနဲ့ဆုံသည် Taehyungတစ်ချက်သာကြည့်ပြီး ဘေးနားသွားကာလက်ဆေးနေသည်

"POSEY Group ရဲ့အမွေဆက်ခံသူ?လောဘကတော့မသေးဘူးပဲ"

Taehyung အူလည်လည်ပုံလေးဖြင့်

"ဘာကိုပြောချင်တာလဲ နားမလည်ဘူးဗျ "

"ဟွန်း မူယာမာယာများပုံက နဲနဲလေးတောင်မှပြောင်းလဲမသွားဘူးပဲ"

Jungkookနှုတ်ခမ်းတစ်ဖက်ကိုရွဲ့ပြီး ခပ်ထေ့ထေ့ပြောလိုက်တော့ Taehyungရဲ့အူကြောင်ကြောင်နဲ့အပြစ်ကင်းတဲ့ပုံစံလေးကတဖြည်းဖြည်းပျောက်သွားပြီး မျတ်လုံးတွေကအေးတိအေးစက်နဲ့မျတ်နှာသေအသွင်ပြောင်းသွားသည် ပြီးတော့မဲ့ပြုံးပြုံးလိုက်ပြီး

"ငါ့အလုပ်ကဖန်သားပြင်ပေါ်မှာအလှပြရတဲ့အလုပ် လက်တွေ့ဘဝမှာလိုပုံစံမျိုးနဲ့ဆို အကုန်ပျတ်စီးကုန်မှာပေါ့"

"ဘသူကKim Taehyung မဟုတ်ဘူးပြောမှာမို့လို့လဲ"

Taehyung ယူလာတဲ့lip blamကိုမှန်ကြည့်ကာ ထုတ်ဆိုးနေရင်းက

"လာတုန်းကမသိချင်ယောင်ဆောင်လိုက်မိလို့ ဝမ်းနည်းသွားတာဆိုsorryနော် ကိုကိုရှိနေလို့ ဘာအရှုပ်အထွေးမှမဖြစ်ချင်လို့ရယ်"

မျတ်လုံးလေး ကလည်ကလည်နဲ့ခပ်ချွဲချွဲလေးပြောလာသည် အကြောင်းမသိတဲ့သူဆိုရင်Kim Taehyungတို့စကားပြောတာတအားနူးညံ့သိမ်မွေ့ပါတယ်ပေါ့ အကြောင်းသိနေတဲ့သူ့အတွက်ကတော့ သပ်သပ်ကိုမျတ်နှာပြောင်ပြီး တမင်လုပ်ပြောကာပလီနေတာထက်မပို...

"အရင်တည်းကပလီပလာများပြီးမျတ်နှာပြောင်တိုက်တတ်မှန်းသိပေမဲ့ အခုကတော်တော်ကိုရွံစရာကောင်းနေပြီ"

"အဲ့ဒီရွံစရာကိုသူပဲတမ်းတမ်းစွဲဖြစ်ခဲ့ပြီး"
လှောင်သလိုလိုပြုံးကာ သူဟာသူခပ်တိုးတိုးပြောလိုက်ခြင်း

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now