အပိုင်း ( ၄ )

96 10 5
                                    

ကျုပ်ကလေးကို ကျုပ်သိပ်ချစ်တယ်...သိပ်မြတ်နိုးတယ်...ဒါက ဘယ်သူမှ ငြင်းလို့မရ‌နိုင်လောက်အောင် ရှင်းလင်းလွန်းနေခဲ့တဲ့ အမှန်တရားပဲ...

...............

" မောင် နန်းကို သိပ်ချစ်တယ် "

မောင်က ကျနော့်ကို သိပ်ချစ်တယ်တဲ့လေ...
ဆိုတော့ မောင်ကလည်း ကျနော့်ကို ချစ်နေတယ်ပေါ့...နန်းလွန်းနောင်ကိုလေ။ကျနော် ဘာမှ ပြန်မပြောနိုင်...မောင့်မျက်နှာကိုသာ စိုက်ကြည့်နေမိလေသည်။

ဘဝငယ်သည် အံ့ဩသွားဟန်...ကျုပ်မျက်နှာကိုသာ ကြည့်နေလေသည်။ထို့နောက် သဘာဝအတိုင်း ရဲစိုနေသော မြတ်နိုးရာလေး၏နှုတ်ခမ်းဖူးဖူးလေးသည် တစ်ခုခုကို ပြောဖို့ အခက်တွေ့နေပုံပင်...။

" မောင့်...ငါ ငါ "

" ရတယ် နန်းပြန်အဖြေပေးချင်တဲ့အချိန်မှ...မြိုသိပ်မထားနိုင်တော့ဘဲ ပြန်ပြောချင်လာတဲ့ အချိန်မှ...မောင့်ကို ပြန်ပြောလို့ ရပါတယ်...မောင် စောင့်နိုင်ပါတယ် "

ကျုပ်က ချစ်ကြောင်း ထုတ်ပြော၍ ကျုပ်ကလေးလည်း ကျုပ်ကိုပြန်ချစ်ကြောင်း ကျိန်းသေ ပြန်ပြောရမယ်လို့ ကျုပ်မဆိုလို...။ဘဝငယ်လည်း ကျုပ်ကို သိပ်ချစ်တာ ကျုပ်သိတာပေါ့...ကျုပ်ပြောဖူးတယ်မို့လား ဘဝငယ်ရဲ့ စိတ်ထဲက ဥတုမျိုးစုံကို ကျုပ်သိပ်ခန့်မှန်းတတ်ပါတယ်လို့။ကလေးငယ်က ခုအတင်းလန့်သွားမှာ...ထင်မထားတဲ့အရာကို ကျုပ်ဖွင့်ပြောလိုက်လို့လေ ကလေးကို ကျုပ်အခက်မတွေ့စေချင်...။

" ဟင့်အင်း...ခုပြောမှာ
မောင်က စောင့်နိုင်ပေမဲ့ ငါက ထပ်ပြီးမစောင့်နိုင်တော့ဘူး...မောင့်ကို ငါလည်း ချစ်တယ်...ဟင့်...သိပ်ချစ်တယ်... "

ကျနော် အချိန်မဆွဲချင်တော့...မောင် ဖွင့်ပြောလာမှာ စောင့်နေရတာနဲ့တင် အချိန်တွေ သိပ်ကြာခဲ့လေသည်ပဲလေ။မောင့်ကို ဘယ်သူ့မှ မပေးချင်...မောင်က ကျနော်အတွက်ပဲ ကျနော်တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမည်။

နန်းလွန်း ပြောရင်း မျက်ဝန်းအိမ်မှာ မျက်ရည်ဥတွေသည် တစ်ခါပြန်၍ ရောက်လာလေပြီ ဖြစ်သည်။သေချာသည်မှာ စောစောက မျက်ရည်ကျခြင်းနှင့်မတူ ခုတစ်ခါ မျက်ဝန်းအိမ်မှ မျက်ရည်တွေသည် ပျော်ရွှင်ခြင်း၏ သက်သေတွေပင် ဖြစ်သည်။

မောင် ပိုင်သည်...Hikayelerin yaşadığı yer. Şimdi keşfedin