အပိုင်း ( ၁၀ )

139 5 48
                                    

.
.
.
.
...............

ဘဝငယ်ရဲ့ ကိုယ်လုံးငယ် အိအိလေးကို ဖက်ထားရတာလေးကိုက လေပေါ်လွင့်နေသလို...အတင်းဖက်မိ၍ ကိုယ်ငယ်လေး နာသွားမှာလည်း စိုးရိမ်ရသေးသည်။မထိရက် မကိုင်ရက် ဆိုတဲ့စကားက တကယ်ကြုံရသူအဖို့ကျ သိပ်အခက်တွေ့လှတာ...ထိချင်တာတောင် မထိရက်တဲ့ ခံစားချက်က ဆိုးလွန်းလိုက်တာဗျာ...။ကိုယ်ငယ်လေးကိုလည်း ဖွဖွလေး ဖက်ထားရင်း...ပိုတိုးလာတဲ့ အလိုရမ္မက်တွေကိုလည်း ခက်ခက်ခဲခဲ ပြန်ခေါက်သိမ်းနေရင်း ကျုပ်တစ်ယောက်တည်း အလုပ်ရှုပ်နေသည်ပေါ့ ။

အချိန်အတော်ကြာ ‌ပွေ့ဖက်ထားပြီးသည်နှင့် ခွန်စိုင်းသည် နန်းလွန်းနှင့် အနည်းငယ် ခွာလိုက်ကာ...

" နန်း...အေးနေလားဟင် ဒီမှာ ခဏစောင့်နော်...
မောင် အနွေးထည်လေး သွားယူချည်မယ် "

" အွန်းအွန်း ဟီး "

မြတ်နိုးရာ ဘဝငယ်ရဲ့
မျက်လုံးဝိုင်းများ မှိတ်ကျသွားအောင်ထိ ..
ရီပြနေသော မျက်လုံးအိမ်များ
နေမကောင်းနေတာတောင်
နည်းနည်းမှအလျော့မပေးဘဲ ..
စီတန်းနေသောသွားသေးသေးလေးများ ပေါ်အောင်
ရီပြနေသော အန္တရာယ်များနေဆဲ နှုတ်ခမ်းဖူးဖူး ...
အသက်ရှုကြပ်အောင်ထိ ...
ရူးသွပ်ပစ်လိုက်ချင်စရာ ...
နေမကောင်း၍ အရင်လို နီစိုနေသော်လည်း
အရောင်အားလျော့နေသော နှုတ်ခမ်းထူထူကို
နီရဲတက်သွားအောင် သိမ်းပိုက်လိုက်ရရင်...။

ခွန်စိုင်းမောင် !! ခွန်စိုင်းမောင် !!
နေမကောင်းတဲ့ကလေးငယ်ကို
ရှေ့ထားပြီး တွေးနေလိုက်တာ...
မောင့်အတွေးတွေကို နန်းရော မြင်ရဲ့လားဟင်...
အကယ်၍ မြင်ရင်ရော  ဒီမောင်ကို
အပြစ်များ မြင်သွားမလား...။

နန်းလွန်းနောင်ရယ်
ဘာလို့ သိပ် .. ညှို့တတ်ရတာလဲကွာ...
မောင်က နန်း မညှို့လည်း အစတည်းက သွပ်သွပ်ခါအောင် နန်းအပေါ်မှာ ရူးနေပြီးသား ဖြစ်ရက်နဲ့ကွာ...

မျက်နှာတစ်ခုလုံးကို စူးစိုက်ကြည့်နေသော
မောင့်မျက်လုံးများ ... ထုံးစံအတိုင်း
ကျနော်ရင်မဆိုင်ရဲ မောင့်အကြည့်တွေက
ကျနော့်ရဲ့ အားနည်းချက်တွေပဲ ။
ကျနော့်ရင်တွေ ခုန်လိုက်တာ ဆိုသည်မှာ...
မောင်ဟာ အမြဲ ကျနော့်ကို အခက်တွေ့စေတယ် ။

မောင် ပိုင်သည်...Where stories live. Discover now