အပိုင်း ( ၇ )

75 5 4
                                    

ဘယ်အရာမဆို မောင်က ဖြစ်တည်လာလျှင် ကျနော် သိပ်သဘောကျသည်...ဘယ်အရာမဆိုပေါ့။

...............

မောင်က ဘာမှမဖြစ်ဘူးတဲ့လေ...။မောင်က ကျနော့်ကို သူစိမ်းယောင်္ကျားလေးတစ်ယောက်က ဖက်ထားခြင်းကို အထင်မလွဲဘူးတဲ့...ဘယ်လိုမှမနေဘူးတဲ့လေ။

နန်းလွန်းသည် အတန်းသို့ ပြန်သောလမ်းတစ်လျှောက်တွင် အတွေးများသည် သူ့အား နှိပ်စက်နေလေပြီ...။

ခွန်စိုင်း မသိလိုက်သည်က မောင်၏သဝန်တိုမှုတွေ မောင်၏ချုပ်ခြယ်မှုတွေကို နန်းလွန်းတစ်ယောက် သိပ်သဘောကျကြောင်း...အတော်ပင် နေသားကျနေပြီဖြစ်ကြောင်းကိုပင်...။

‌မောင်...ပြောင်းလဲသွားပြီ

နန်းလွန်းတစ်ယောက် အတွေးတွေများနေစဉ်...

" နန်းလွန်းနောင် "

လှိုင်ထိပ်ထားစံသည် နန်းလွန်းနောက်မှ‌ လှမ်းခေါ်လိုက်သည်ပင်။

နန်းလွန်း အသံလာရာနောက်သို့ လှည့်ကြည့်လိုက်လေသည်...ဟိုအမျိုးသမီးပင်။နန်းလွန်း သွားနေသော ခြေလှမ်းများအား ရပ်လိုက်လေသည်။လှိုင်ထိပ်ထားစံသည် နန်းလွန်းဘေးအား လာ၍ မျက်နှာချင်းဆိုင် ရပ်လိုက်ကာ...

" မင်းက မိုက်တာပဲ... "

" ဘာကိုလဲဗျ "

" အော်...ကျောင်းပေ့ခ်ျက ပုံတွေလေ
မထင်ရဘူးနော် မင်းက "

လှိုင်ထိပ်ထားစံသည် နန်းလွန်းအား ခနဲ့သလို ကြည့်၍ ‌ပြောနေလေသည်။

" ခင်များက ကျနော့်အကြောင်းကိုဆို
သိပ်စိတ်ဝင်စားတာပဲနော် "

ကျနော် စိတ်မရှည်ချင်တော့...အစကတည်းက စိတ်အခြေအနေသည် ကောင်းနေခြင်းမဟုတ်။လူကိုလာပြီး ကဲ့ရဲ့သလို ပြောနေခြင်းကိုလည်း ဘဝင်မကျ...ဘယ်လိုမိန်းမမျိုးလဲ။

" အို...ဒါပေါ့ ဒို့က စိုင်းကို စိတ်ဝင်စားတော့
မင်းကိုပါ စိတ်ဝင်စားပေးရတာပေါ့ "

" ရော် ခင်များမသိဘူးလား
ကျနော် မောင်နဲ့တွဲနေတာကိုလေ... "

" အဲ့တော့...
ဒို့က ဂရုစိုက်ရမှာလား...ခုလို သတင်းတွေ ထွက်နေတာကို စိုင်းက ဘယ်လိုမှမနေတာ
ဘာလို့လို့...မင်းထင်လဲ "

မောင် ပိုင်သည်...Onde as histórias ganham vida. Descobre agora