14

16.6K 547 17
                                    

💛 Players ( Part - 14 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဒီနေ့ရုံးပိတ်ရက်မို့ ကြိုစီစဥ်ထားသည့်အတိုင်း ချန်ဂီလေဆိပ်ကိုရောက်နေပြီဖြစ်ကာ အိတ်တွေကို အစ်ကို့လူတွေဆီလှမ်းပေးပြီး သွေးဆီဖုန်းခေါ်လိုက်ရင်း စိတ်ထဲကြိတ်ကျေနပ်နေမိသည်။
ရုတ်တရက် ကိုယ်ရောက်လာမှန်းသိလျှင် နန်းသွေးအမရာ ဘယ်လောက်တောင်ပြူးပြာသွားလိုက်မလဲ...
ထင်ထားသလို သွေးကဖုန်းမကိုင်တာမို့ ဟွန်းခနဲတစ်ချက်ရယ်ကာ ဖုန်းကိုပြန်ပေးလိုက်တော့ အစ်ကို့ညီတွေက ကားတံခါးကိုဖွင့်ပေး၏။

"သခင်လေး ကြိုအကြောင်းထားပါတယ် အစ်ကိုလေး ဘယ်ကိုလိုက်ပို့ပေးရမလဲဗျ"

"နန်းသွေးအမရာ ဘယ်ကိုရောက်နေတာလဲ အခု"

"Fullerton Hotelမှာပါ မင်းစည်းစိမ်နဲ့အတူရှိနေပါတယ်"

"အဲ့ဒီကိုသွားမယ်"

"ဟုတ်ကဲ့"

အစ်ကိုက သူ့ကို အရိပ်တစ်ခုလိုလွှမ်းမိုးထား၍ ဘယ်သွားသွား၊ ဘာလုပ်လုပ်ကိစ္စမရှိသလို သူ ဘာပဲလုပ်ချင်လုပ်ချင် တားဆီးမည့်သူမရှိ။
သို့သော် သူဟာ အစ်ကို့ရဲ့အာဏာကို သိပ်အမှီမပြုဘဲ ကိုယ့်အရည်အချင်းကိုသာ အားကိုးသူဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ အစ်ကို့အာဏာကို လိုအပ်လာပြီဖြစ်သည်။

Fullertonမှာ စည်းတို့နှစ်ယောက်လုံးကို တွေ့ရရင် သူ့အတွက်ပိုကောင်းသည့်ကစားပွဲဖြစ်လာမှာမို့ သွေးအေးအေးဖြင့် ကျေနပ်နေမိရင်း တစ်ယောက်တည်းလည်းပြုံးနေမိသည်။
Hotelကိုရောက်တော့ Receptionမှာ စည်းရဲ့နာမည်ကိုမေးလိုက်သည့်အခါ Receptionက စည်းရဲ့အခန်းကို ဖုန်းဆက်ပေးလေ၏။

"Tell him Tankho (တန်ခိုးလို့ပြောလိုက်ပါ)"

"ဘယ်သူ"

ခပ်ဆတ်ဆတ်ပြန်မေးလာသည့် စည်းအသံကြောင့် သူက ဖုန်းကိုကိုင်ဖို့လက်လှမ်းတော့ ဝန်ထမ်းမလေးက ဖုန်းခွက်ကို သူ့အားလှမ်းပေးသည်။
စည်းရဲ့အသံကို သူနားထောင်ချင်သည်ကိုး...

"ငါအောက်မှာရောက်နေတယ် စည်း မင်းဆီလာခဲ့မယ်"

"ဟာ!! နေပါဦးဟ ငါလာခဲ့မယ် ခုပဲအပြင်ထွက်တော့မလို့"

PlayersWhere stories live. Discover now