16

15.4K 572 21
                                    

💛 Players ( Part - 16 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"တန်ခိုးမရိပ်မိသေးတာ သေချာရဲ့လား သွေးရယ် ဒီကောင့်စကားတွေကတစ်မျိုးပဲနော် ကိုယ်မင်းကိုစိတ်ပူတယ်"

"မပူပါဘူး အဖြစ်မှန်တွေသိသွားရင်တောင် သွေးဘက်ကတောင်းပန်ရုံနဲ့ သူ သွေးကိုခွင့်လွှတ်မှာပါ သွေးတို့ခဏဖြစ်ဖြစ် အဆက်သွယ်ဖြတ်ထားရအောင်"

"ကိုယ်မနေနိုင်ဘူး အဲ့လိုမလုပ်ပါနဲ့"

"ဘာကိုလဲ"

"တန်ခိုးကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါလား တန်ခိုးနဲ့ဖြစ်ဖြစ် ကိုယ်နဲ့ဖြစ်ဖြစ် မင်းပြတ်သားလိုက်ပါ ခုလိုလုပ်နေတာ မင်းအတွက်စိတ်ပူစရာချည်းပဲ"

သွေး ပြုံးလျက်ခေါင်းခါပြလိုက်တော့ စည်းမျက်နှာပျက်သွားပြီး ကျစ်ခနဲစုပ်သပ်ကာ ခေါင်းတခါခါဖြစ်သွားတော့သည်။
ဘယ်လောက်ပဲ စည်းကိုသဘောကျနေဦးတော့၊ သွေးကိုဦးစားပေးသူဟာ ကို သာဖြစ်ပြီး သွေးကိုယ်တိုင်ကလည်း ဘုန်းတန်ခိုးကိုPerfectအဖြစ် သတ်မှတ်ခဲ့သူ။

စည်းနဲ့တွဲနေမိတာကလည်း ခဏတာစိတ်အလိုလိုက်မိခြင်းဖြစ်ပြီး ခရာ့ကို ကို အမှန်တကယ်ငြိတွယ်သွားခဲ့ပါက ကိုနဲ့လမ်းခွဲပြီး ထိုအချိန်မှအတည်တကျတွဲဖို့။
ခရာ့ဘက်က ဘာမှမသေချာသေးသ၍တော့ ကို့ကိုလမ်းမခွဲနိုင်ပါ...

"မပြတ်မသားတွေမလုပ်ပါနဲ့တော့ သွေးရယ် မင်း ကိုယ့်ကို"

"ရှင် လောဘမကြီးပါနဲ့ စည်း"

"လောဘကြီးတာမဟုတ်ဘူးလေ မင်းကိုယ်နဲ့အတူနေခဲ့ပြီးပြီ မင်းကိုယ့်ကိုချစ်ပါတယ် ဒါနဲ့တောင်တန်ခိုးကိုပဲ မင်း.."

"သွေးတို့နှစ်ယောက် ခဏ အဆက်သွယ်ဖြတ်ထားရအောင်"

ထိုစကားကိုပဲ သွေးက ပြတ်ပြတ်သားသားပြောလိုက်တော့ စည်းကအသံတိတ်သွားကာ ဘာမှထပ်မပြောတော့ဘဲ Video callကိုချက်ချင်းချသွားတော့၏။
ဒါကပဲဖြစ်သင့်တာမို့ သွေး သက်ပြင်းလေးချလိုက်ပြီး laptopကိုပိတ်ကာ စားပွဲပေါ်မှာ မှောက်လျက်ကလေးအိပ်လိုက်မိသည်။
သွေး မှားနေပြီလား...

💛💛▫▫▫💛💛

"ကိုကြီး ဘယ်လိုမိန်းကလေးကို သဘောကျလဲဟင်"

PlayersWhere stories live. Discover now