18

14.2K 512 17
                                    

💛 Players ( part - 18 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းပြန်ရောက်နေတယ်ဆို ကော်ဖီဆိုင်ထိုင်မလား ကို လာခေါ်မယ်"

ထူးထူးဆန်းဆန်း ကို့ဆီကဝင်လာသောမက်ဆေ့ကြောင့် သွေးစိတ်ထဲမလုံမလဲဖြစ်သွားကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်မိသွားသည်အထိ။
ကို့ဆီကိုဖုန်းမဆကိတာ သေချာနေခဲ့၍ သူမပြန်ရောက်နေတာကို ကို ဘယ်လိုလုပ်သိသွားသလဲဟု ရင်ထဲထိတ်ခနဲဖြစ်သွားမိသည်။
ထို့ကြောင့် သွေးဘာသာလာခဲ့မည်ဟု မက်ဆေ့ပြန်ပို့လိုက်ကာ အိမ်ကကားနှင့်ပဲ ချိန်းထားသောဆိုင်ကိုထွက်လာခဲ့သည်။

ကော်ဖီဆိုင်ဆိုပေမယ့် လှလှပပလေးပြင်ဆင်ထားသော Restaurantတစ်ခုဖြစ်ပြီး အေးအေးလူလူထျုင်လို့ရကာ ဆိုင်ထဲရောက်တော့ ကိုက စားပွဲတစ်ခုမှာ အဆင်သင့်စောင့်နေ၏။
သို့သော် ကို တစ်ယောက်တည်းမဟုတ်ဘဲ စည်းကိုပါခေါ်ထား၍ ဒုတိယအကြိမ် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
Singaporeတုန်းကဖြစ်ရပ်လို မလုံမလဲဖြင့် ရင်တထိတ်ထိတ် ထပ်ဖြစ်ဦးမှာလား…

"ကို စည်းကိုပါခေါ်ထားတယ် ကိုတို့လည်းမဆုံတာကြာလို့လေ အဆင်ပြေတယ်မလား"

"ပြေပါတယ်"

ကို့ရဲ့နှုတ်ဆက်စကားကို ပြုံးပြုံးလေးသာပြန်ဖြေကာ ကို့နံဘေးမှာဝင်ထိုင်တော့မှ စည်းရဲ့ဘေးမှာရှိနေသောမိန်းကလေးကို သွေး သတိထားမိသည်။
ခရာသည် မိတ်ကပ်ပါးပါးလေးလိမ်းထားပေမယ့် ကြက်သွေးရောင်တီရှပ်လေးဝတ်ထား၍ မိန်းကလေးသိပ်မဆန်သေး။

"အက္ခရာပါ ရေတံခွန်တောင်ဆိုဒ်ထဲက ကိုကြီးရဲ့လက်မရွံ့တပည့်ကျော်လေ"

မထိတထိနှုတ်ဆက်စကားနှင့်အတူ သွေးကို ပြုံးပြနေသောခရာ့မျက်နှာကြောင့် သွေး ဖျင်းခနဲဒေါသဖြစ်သွားမိသည်။
ထိုင်နေတာက စည်းရဲ့ဘေးမှာ၊ ကို့ကိုခေါ်တာက ကိုကြီးတဲ့…

သွေးဆီသို့ လက်တစ်ဖက်ကမ်းကာ ဖော်ဖော်ရွေရွေနှုတ်ဆက်နေပုံက မုန်းစရာအပြည့်ဖြစ်ပေမယ့် ကို့ရှေ့မှာမို့ ဟန်မပျက်လက်ဆွဲနှုတ်ဆက်လိုက်ရ၏။
သွေးရဲ့လက်ကိုဖိဆုပ်ကိုင်ကာ မှတ်ပြီလား၊ စိန်ခေါ်ချင်သေးလားဆိုပြီး ပြုံးစိစိကြည့်နေပုံကလည်း ခံပြင်းစရာအလွန်ကောင်းနေခဲ့ကာ...

PlayersWhere stories live. Discover now