19

14.6K 511 13
                                    

💛 Players ( part - 19 )💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ရေချိုးခန်းထဲမှာငြိမ်ငြိမ်လေးရှိနေပေမယ့် ဒေါသတွေ၊ မာနတရားတွေဖြင့် အံကြိတ်ထားမိသလို နံရံကိုထိန်းကိုင်ထားသော သူ့လက်တွေဟာတုန်ယင်နေခဲ့သည်။
ညနေက အစ်ကို့ရဲ့မိတ်ဆွေတစ်ယောက်နှင့် အသံလုံအခန်းဆောက်ရန် အလုပ်ကိစ္စတိုင်ပင်ဖို့ရှိနေ၍ ဇာမဏီမှာ သူစောင့်နေစဉ် အလောတကြီးပြေးဝင်လာသည့် ခရာ…

"ဆောရီးဟေ့ ငါနောက်ကျသွားတယ်"

သြရှရှထိုအသံက ရောက်လေရာမှာအောင်မြင်လှတာမို့ ခရာမှန်းသိပြီး ချက်ချင်းလှည့်ကြည့်လိုက်မိသည်အထိ။
သူထိုင်နေသည့်စားပွဲအနားမှာ ရွက်လှပင်ကြီးတစ်ပင်ရှိနေ၍ စားပွဲချင်းနီးကပ်နေသည့်တိုင် ခရာရော၊ ဘေးစားပွဲကအုပ်စုပါ သူ့ကိုမမြင်ကြ။
ခရာဝင်ထိုင်လိုက်သောထိုဝိုင်းက လူ၇ယောက်လောက်တော့ရှိမည်ထင်ပြီး ထိုအထဲမှာမှ သူမကိုနှုတ်ဆက်လိုက်သူ တစ်ဦး။

"ပန်းထက်အက္ခရာ"

ထိုနာမည်ကိုကြားတော့ သူ့တစ်ကိုယ်လုံး ဖျင်းခနဲဖြစ်သွားသလိုခံစားလိုက်ပြီး သွေးပြောခဲ့ဖူးသည့်နာမည်တစ်ခုနှင့်အတူ သူကိုယ်တိုင် အသေးစိပ်ဒီဇိုင်းဆွဲခဲ့သည့်လည်ဆွဲလေး။
သစ်ရွက်သစ်ခက်ကလေးတွေကအစ အချိန်ပေးပြီးဆွဲခဲ့သော ဒီဇိုင်း…

"သွေးရဲ့ညီမဝမ်းကွဲလေ ပန်းထက်အက္ခရာတဲ့ သူ့ကိုပေးချင်လို့ ကို နည်းနည်းလောက်ဖြည့်ပေးပါ့လား ပန်းခက်တွေမှာ ဒီ့ထက်ပိုပြီးအသေးစိပ်ဖြစ်ချင်တာ သွေးဆွဲထားတာ သိပ်သဘောမတွေ့လို့"

ထိုအချိန်ကတည်းက မှတ်မှတ်ရရဖြစ်ခဲ့သော ပန်းထက်အက္ခရာဆိုသည့်နာမည်ဟာ သူမရဲ့နာမည်လားဆိုသည့် အတွေးဝင်၏။
ဒါဆိုဘာလို့ ဟိုတစ်ရက်က သွေးနဲ့တွေ့တော့ မသိသလိုလုပ်နေရသလဲ။
တကယ်ဆို တစ်ဝမ်းကွဲညီအစ်မတွေမဟုတ်လား…

"နင့်ဘာသာဘာကောင်ကြီးဖြစ်နေနေ ရှေ့နေတစ်ယောက်ကို ခြိမ်းခြောက်ပြောဆိုမှုနဲ့ အရင်ဆွဲစိခံရမယ် စွပ်စွဲပြောဆိုမှု၊ ဂုဏ်သိက္ခာထိပါးစေမှု ပြီးတော့.."

"တော်ပါတော့ဟာ ငါမေ့သွားတာ ဒီကောင် ဥပဒေဘက်ရောက်သွားတာကို အခုထိငါမယုံနိုင်သေးဘူး"

PlayersWhere stories live. Discover now