Ep - 6

887 99 9
                                    

Zawgyi

ဲ့"ရှဲ့ရှဲ့မျက်လုံးတွေလည်းနီရဲနေတာပဲ...
ဘာဖြစ်လာတာလဲ..."

ယွီရှန်းရဲ့စိုးရိမ်ကြောင့်ကြနေသော
အမေးလေးကြောင့်ရှဲ့မင် ဒဏ်ရရသွား
တဲ့လက်ကိုမသိမသာအနောက်ဘက်
ကွယ်လိုက်ပြီး...

"ခုနကသန့်စင်ခန်းဘက်သွားတဲ့
လမ်းမှာမျက်လုံးထဲဖုန်ဝင်သွားလို့ပါ...
ငါမနေနိုင်လို့လက်နဲ့ပွတ်လိုက်မိတာ
ပိုဆိုးသွားတာဖြစ်မယ်..."

"ခုကောနေရခက်သေးလား...
ကျောင်းဆေးခန်းသွားမလား..."

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသူလေး
ကိုရှဲ့မင်ပြုံးပြကာ...

"မျက်နှာသစ်လိုက်လို့ကောင်းသွား
ပါပြီ..."

ရှဲ့မင်ရဲ့တကယ်အဆင်ပြေနေတဲ့
ပုံကိုမြင်မှယွီရှန်းစိတ်အေးနိုင်တယ်...

"ငါမင်းကိုစောင့်နေတာရှဲ့ရှဲ့..."

"ငါ့ကိုဘာလို့စောင့်နေတာလဲ..."

ရှဲ့မင်သူ့ခုံမှာထိုင်ပြီးယွီရှန်းဘက်လှည့်
ကာမေးလိုက်တယ်...

"ဖုံအန်းကမေးတယ်...ကျောင်းက
clubတွေထဲမဝင်ဘူးလားတဲ့...
သူပြောမှငါလည်းသတိရလို့...
သူများတွေစာရင်းသွားပေးကုန်ပြီ..."

'ဖုံအန်း'နာမည်ကြားတာနဲ့ရှဲ့မင်
မေးရိုးကထင်းခနဲပဲ...
ရွှေရောင်မျက်ဝန်းကလည်းဒေါသ
ကြောင့်ပိုအရောင်တောက်လာခဲ့ပေမဲ့
ယွီရှန်းကတော့သတိမထားမိလေဘူး
ပေါ့...

ရှဲ့မင်မေးလိုက်တယ်...

"ဒါဆိုမင်းကောစာရင်းသွားပေးပြီးပြီ
လား..."

ယွီရှန်းခေါင်းရမ်းပြကာ...

"ဟင့်အင်း ပေးရသေးဘူး...
ဖုံအန်းကသူနဲ့တူတူသွားဖို့ခေါ်တယ်...
ငါကမင်းနဲ့တူတူသွားမလို့
စောင့်နေတာ..."

ယွီရှန်းရဲ့ထိုစကားလေး၁ခွန်းကတင်
ရှဲ့မင်ရဲ့ယခုလေးတင်ဖြစ်ပေါ်လာတဲ့
ဒေါသတွေကိုပြေပျောက်သွားစေ
တယ်...

*တကယ်ပါရှန်းရှန်း...မင်းကြောင့်နဲ့
ငါစိတ်အတက်အကျရောဂါရတော့မယ်
ထင်ပါရဲ့...*

အတွေးနဲ့ထပ်တူမပြုံးပဲမနေနိုင်ကာ...

"အွန်း ကျောင်းတက်ဖို့ကမိနစ်၂၀
လောက်လိုသေးတာပဲ...
ငါတို့လည်းစာရင်းသွားသွင်းကြစို့..."

🍬 အိုမီဂါလေး နှင့် သူ၏အယ်ဖာများ 🍬Where stories live. Discover now