Ep - 13

1K 111 33
                                    

Unicode

လုံယွမ်နဲ့ရှန်ဟောက် ယွီရှန်းကို
မြင်လိုက်ရသည်နှင့် အနားကိုနှစ်ယောက်သား
လျှောက်သွားလိုက်ကြတယ်...

ယွီရှန်းကတော့သူ့တို့နှစ်ယောက်ကို
ကြည့်နေပြီး မလှုပ်မယှက်
တောင့်တောင့်ကြီးရပ်လို့နေတယ်...
စိတ်ထဲမှာတော့ ဆူနာမီမုန်တိုင်း
တိုက်ခတ်နေပေမဲ့လို့ပေါ့...
Diamond heart barမှာဖြစ်ခဲ့သည့်
ကိစ္စများကို ရှန်ယွမ်ဘရားသားနှစ်ယောက်
လူကြားထဲဖွင့်ဟလိုက်မှာ ယွီရှန်း
တော်တော့်ကိုစိုးရိမ်နေမိသည်လေ...

"ယွီရှန်း အတန်းမတက်ပဲဘယ်သွားမလို့တုန်း..."

ယွီရှန်းတုန်လှုပ်နေပေမဲ့လည်း
ရှန်ဟောက်က အပြုံးနဲ့စကား စ လာချိန်မှာ
တော့သူလည်းမဲ့ချင်နေတဲ့နှုတ်ခမ်းတစ်စုံကို
အားတင်ကာအပေါ်ဆွဲတင်ရင်း...

"ကျ ကျွန်တော်သွားစရာရှိလို့ပါ...
အတန်းချိန်ကလည်းစောသေးလို့လေ...
အစ်ကိုတို့ကကော ဒီနေရာမှာဘာလုပ်နေ..."

ယွီရှန်းမြန်မြန်နှုတ်ဆိတ်လိုက်ပေမဲ့
နောက်ကျသွားခဲ့လေပြီ...
သူတို့အကြောင်းဖော်ထုတ်လာမှာ
ကြောက်နေမိပါတယ်ဆိုကမှ
ကိုယ်ကအရင်စကားအ စ ဖော်မိသည်...

ယွီရှန်းရဲ့ယုန်သူငယ်လေးလိုတုန်ယင်နေပုံက
ရှန်ဟောက်ရဲ့နတ်သားလေးလိုအပြုံးကို
နတ်တိုးဆန်စွာပိုပီပြင်လာခဲ့စေတယ်...
ပြီးနောက် ယွီရှန်းရဲ့လက်လေးနှစ်ဖက်ကို
သူ့လက်ကြီးနှစ်ဖက်နဲ့ဆွဲယူလိုက်ကာ...

"အစ်ကိုတို့ကမင်းကိုလာတွေ့တာလေ..."

လုံယွမ်ကလည်းစကားမပြောပေမဲ့
ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ထောက်ခံသည်...

ရှန်ဟောက် ယွီရှန်းလက်ဖဝါးလေးနှစ်ဖက်ကို
အဓိပ်ပါယျဖောျရခကျစှာစူးစိုကျကွညျ့ရငျး...

"လုံယွမ် ယွီရှန်းရဲ့လက်ဖဝါးလေးတွေက
နူးနူးညံ့ညံ့လေးနဲ့အရမ်းကိုင်လို့ကောင်းတာပဲ..."

လုံယွမ်ကပါရှေ့တစ်လှမ်းတိုးလာပြီး
ရှန်ဟောက်လက်ထဲကယွီရှန်းလက်လေး
တစ်ဖက်ကိုဆွဲယူပြီး သူ၏လက်မကြီးဖြင့်
အသဲယားစဖွယ်မထိတထိပွတ်သပ်လာပြီး...

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

🍬 အိုမီဂါလေး နှင့် သူ၏အယ်ဖာများ 🍬Where stories live. Discover now