Ep - 11

823 98 8
                                    

Unicode

လုံယွမ် ရှန်ဟောက်နဲ့လမ်းခွဲခဲ့ပြီး
ယွီရှန်းကိုBarရဲ့တစ်ဖက်ခြမ်းက
ဂျောင်ကြိုဂျောင်ကြားနေရာလပ်မကျန်
သန့်စင်ခန်းကအစလိုက်ရှာခဲ့ပေမဲ့
မတွေ့ခဲ့...
ဒါကြောင့်ရှန်ဟောက်ရှာတဲ့ဘက်ကို
လိုက်သွားခဲ့တယ်...

ရှာရင်း ရှာရင်းနဲ့စကြင်္န့်လမ်းတစ်နေရာမှာ
တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုကတော့
သူ့ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကို
ပွက်ပွက်ဆူလာစေဖို့လုံလောက်ခဲ့တယ်...
ရှန်ဟောက်နဲ့ယွီရှန်းရဲ့နမ်းနေပုံက
ယွီရှန်းကိုစိတ်ဝင်စားစပြုလာတဲ့
လုံယွမ်ကိုဒေါသထွက်စိတ်မဖြစ်ပေါ်စေခဲ့
ဘူး...

ဒါဟာလုံယွမ်ကယွီရှန်းကိုစိတ်ထဲက
မပါပဲအပေါ်ယံစိတ်ကစားကာ
သဘောကျရုံလို့လူတိုင်းကိုထင်မြင်စေနိုင်ပေ
မဲ့ အမှန်တကယ်ကအဲ့လိုမှမဟုတ်ပဲ...
အစကတည်းကယီွရှန်းကိုရှန်ဟောက်က
လည်းသဘောကျနေမှန်း
လုံယွမ်သိသည်...
အဲ့လိုကြောင့်နဲ့တော့၂ယောက်လုံး
စိတ်ဝမ်းကွဲကာ ရန်သူတွေဖြစ်လာကြမှာ
တော့မဟုတ်ဘူး...
ဒီလိုဆိုတိုင်းလုံယွမ်ဘက်ကအလျှော့
ပေးလိုက်တယ်လို့ဆိုလိုသည်လည်း
မဟုတ်ပါဘူး...

ရှန်ယွမ်ဘရားသား၂ယောက်ဟာ
သွေးရင်းသားရင်း ညီအစ်ကိုအရင်းများ
ထက်ပင်ချစ်ခင်စည်းလုံးကြပြီး
ငယ်ငယ်ကတည်းက
သူတို့အကြိုက်တူသည့်အရာကိုဆိုရင်
အတူတူစား အတူတူကစား အတူတူအသုံးပြု
ကြသည်မို့ ယခုအခါမှာလည်း
၂ယောက်စလုံးဟာအိုမီဂါလေးယွီရှန်းရဲ့
အချစ်တွေကိုမှျဝေခွဲယူဖို့
မတိုင်ပင်ထားပါပဲ စိတ်တူကိုယ်တူ
ဆုံးြဖတ်ပြီးကြလေပြီ...

သံမဏီနှလုံးသားပိုင်ရှင်လို့ခေါ်ဝေါ်လို့ရတဲ့
ကျောက်လုံယွမ်က ယခုသူ့ရှေ့ကမြင်ကွင်း
ကြောင့် ခန္ဓာကိုယ်အတွင်းအပူရှိန်တွေ
လှိုက်တက်လို့နေပြီး ချွေးပေါက်လေးတွေ
အလှဆင်ကာလှပနေတဲ့ယွီရှန်းကိုကြည့်ကာ
သူ၏သံမဏိနှလုံးသားဟာလည်း
ဝါဂွမ်းလိုပျော့ပျောင်းလာရတော့သည်...
ဘယ်အရာကိုဖြစ်ဖြစ် ရှူတည်တည်
မျက်နှာဘေးနဲ့လျစ်လျူရှုနိုင်ခဲ့ပေမဲ့
ဒီတစ်ခါတော့မျက်တောင်ခက်ဖို့တောင်
ဝန်လေးနေမိပါပြီ...

🍬 အိုမီဂါလေး နှင့် သူ၏အယ်ဖာများ 🍬Where stories live. Discover now