Ep - 12

810 101 10
                                    

Unicode

မနက်ခင်းအလင်းရောက်ကာနေရောင်ခြည်
ဖြာစပြုချိန်...

ယွီရှန်း ညာဘက်လည်းလှိမ့်လို့မရ...
ဘယ်ဘက်လည်းလှိမ့်လို့မရနဲ့
အိပ်မက်လိုလို တကယ်လိုလို
ထင်ယောင်ထင်မှားနဲ့နိုးလို့လာခဲ့တယ်...
အိပ်မက်ထဲမှာ နွယ်ရှင်တွေက
သူ့ကိုလက်လေးတစ်ချောင်းတောင်
လှုပ်မရအောင်ရစ်ပတ်ချုပ်နှောင်ထား
သလို နိုးလာချိန်မှာလည်း
ထိုနည်းတူအချုပ်ခံထားရတာမို့
မျက်လုံးမပွင့်သေးသော
ယွီရှန်းမှာ ခုထိအိပ်မက်ပဲမက်နေသေးတာ
လားမသဲကွဲတော့ဘူး...

မခွဲခွာချင်သေးတဲ့
အပေါ်မျက်ခွံနဲ့အောက်မျက်ခမ်းကို
အတင်းဆွဲဖွင့်လိုက်မှပဲ
သူ့ကိုရစ်တွယ်ထားတာ နွယ်ရှင်ပင်တွေ
မဟုတ်ပဲ ညကသူနဲ့အတူလာအိပ်တဲ့
ချစ်သူငယ်ချင်းကြီးရှဲ့မင်မှန်းသိလိုက်
ရတယ်...

*ဒါနဲ့ နေပါအုံး!...*

ရှဲ့မင်မှာကလက်နှစ်ဖက်ပဲရှိတာလေ...
အခုသူ့ကိုဖက်ထားတာကလက်လေးဖက်...
ရှဲ့မင်မှာလက်လေးဖက်ရှိရအောင်လည်း
ရှဲ့မင်က ခရာကန်မကောင်းဆိုးဝါးလည်း
မဟုတ်...

ယွီရှန်း အခြားသူ့ကိုဖက်တွယ်ထားတဲ့
လက်တစ်စုံရဲ့လားရာကို
ကြည့်လိုက်လေတော့...

*ငါ့ရဲ့နောက်ကျောမှာလည်းတစ်စုံတစ်ယောက်
ရှိနေတာလား!...ဘယ်သူလည်း!?...*

လက်ချောင်းထိပ်ဖျားကနေ လက်ဖျံရိုး...
လက်ဖျံရိုးကနေ တံတောင်ဆစ်ဆီ...
တံတောင်ဆစ်မှလက်မောင်း...
လက်မောင်းကနေအကြည့်တို့
အပေါ်ရွှေ့သွားချိန်မှာတော့
ယောကျာ်းပီသလွန်းသောVရှိတ်မေးရိုးကြီး
ကိုမြင်လိုက်ရတာပေါ့...
မေးရိုးကိုကျော်လွန်သောအခါ
မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရပါပြီ...

*ရှားလုံကော?....

သူ သူကဘယ်လိုဖြစ်ပြီးငါ့အခန်းထဲ?...
ငါ့ကုတင်ပေါ်?...
ပြီးတော့ဘယ်အချိန်ကတည်းက?...*

ရှားလုံ သူ၏ရင်ခွင်ကျယ်ထဲမှာ
လှုပ်လှုပ်ရှားရှားဖြစ်လာသောအခါ
မပွင့်တပွင့်မျက်လုံးဖြင့်
အိပ်ချင်မူးတူးကြည့်လိုက်ရင်း
ယွီရှန်းရဲ့ဖွာလန်ကျဲဆံပင်လေးတွေကို
ပွတ်သပ်ပေးကာ
မနက်ခင်းရဲ့ပုံမှန်ထက်ဩရှနေသော
လေသံဖြင့်...

🍬 အိုမီဂါလေး နှင့် သူ၏အယ်ဖာများ 🍬Where stories live. Discover now