Ep- 7(Z-U)

182 16 5
                                    

သီရိပါတည်ထဲတွင် ရှိနေပြီး ဘာလို့မှန်းမသိစိတ်ထဲ တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ခံစားနေရသည်။

သူမစိတ်နဲ့လူနဲ့မကပ်နိုင်ပဲ သူမရဲ့ထူးဆန်းနေတဲ့ခံစားချက်အား ဖြေဖျောက်ဖို့ကြိုးစားနေပြီး သက်ပျင်းနေသာချနေမိတော့သည် သူမဖျော်ရေများထားတဲ့စားပွဲနားကိုသွားလိုက်ပြီး

တစ်ခုခုသောက်ကာစိတ်ညိမ်အောင်လုပ်လိုက်တော့သည်
ထိုနောက် သူမထိုနေရာမှအလှည့် လူတစ်ယောက်နဲ့ဝင်တိုက်မိသွားလေသည်။

"တောင်းပန်ပါတယ် သတိမထားမိလိုက်လို့"
ပြောရင်း သူမစားပွဲပေါ်က တည်ရူးများကိုယူကာ သူမဝငိတိုက်မိတုန်းက တစ်ဖက်လူပေါ်ဖိတ်ကျသွားတဲ့ ဖျော်ရည်စက်များကိုသုတ်ပေးနေတော့သည်။

ဘုန်းရန်နိုင် သူပါတီထဲမှာ သီရိအားအဝေးကနေပဲငေးမကြည့်နေနိုင်တော့ပဲ သူမနဲ့စကားပြော၍ရရန်သီရိအနားသို့ချင်းကပ်သွားလိုက်သည်။

သို့ပင်မဲ့ သူတို့တွေ့ဆုံမူ့က သူဘက်ကစချင်းကပ်တဲ့ပုံဆံမဟုတ်ပဲမတော်တဆအဖြစ်ပြောင်းလဲသွားတော့သည်။
သူုအင်္ကျီပေါ်ဖျော်ရည်တွေမှောက်ကျသွားလို့ ပြာပြာယာယာနဲ့တောင်းပန်ကတည်ရူးများကို ယူကာသုတ်ပေးနေတဲ့သူမ

ဈေးဝယ်စင်တာက ဘာကိုမှမကြောက်ပဲယောက်ျားတစ်ယောက်နဲ့ပြိုင်ရန်ဖြစ်ရဲတဲ့သူမ တကယ့်ကိုကွာခြားနေပါပေါ့လား

ဘုန်းရန်နိုင်ပြုံးလိုက်ပြီး
"ရပါတယ် ဘယ်သူမဆိုဖြစ်တတ်ပါတယ် မင်းကောရရဲ့လား"

သီရိတစ်ဖက်အား အားနာစွာပြုံးပြလိုက်ရင်း
"ရပါတယ် ဒါပေမဲ့ရှင့်အင်္ကျီ"

"အင်္ကျီတစ်ထဲပဲလေ ဘယ်လောက်မှတန်ဖိုးမရှိပါဘူး"

သီရိပြုံးယုံသာပြုံးပြီးဘာမှပြန်မပြောပဲ
(အင်္ကျီတစ်ထဲပဲတဲ့လားအကိုကြီး ရှင့်အင်္ကျီကကြည့်ယုံနဲ့တင် ဒီနိုင်ငံမှာမရနိုင်တဲ့ ဒီဇိုင်နာချုပ်ဆိုတာအသိသာကြီးလေ)

သီရိဘက်ကတိတ်နေတော့ဘုန်းရန်နိုင်စကားမရှိစကားရှာလိုက်ပြီး
"ဒါနဲ့မင်းနာမည်က.."

"ဟမ်..? အာ.. သီရိ သီရိလို့ခေါ်လို့ပါတယ်"

ဘုန်းရန်နိုင်ဖော်ရွေစွာထပ်မံပြုံးလိုက်ပြီးနော်
"သီရိ..တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က.."

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now