Ep- 14(Z-U)

109 14 1
                                    

"နင်ဘယ်လိုတောင်ရိုင်းဆိုင်းရတာလဲ"

သီိရိလှောင်ရယ်လိုက်ရင်း

"ရိုင်းတယ် ငါနင့်ကိုဘာလုပ်မိလို့လဲ"

တစ်ဖက်ကမိန်းကလေးသည် အံကျိတ်ကာ
"နင်ငါ့ကိုချော်လဲအောင်လုပ်တာအသိသာကြီးလေ"

သီရိထိုမိန်းကလေးစကားအားနားမလည်ချင်ယောင်ဆောင်လိုက်ပြီး
"ငါကနင့်ကိုပေါ့လေ....ငါကဘာကြောင့်"

ထိုမိန်းကလေးသည် သူမသူငယ်ချင်းတွေရဲ့အကူညီနဲ့ကြမ်းပြင်ပေါ်ကထလိုက်ရင်းသူမရဲ့နာသွားတဲ့လက်ကိုပွတ်ကာ ဒေါသထွက်စွာ

"နင်..နင်သူဌေးသမီးဆိုတာနဲ့လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား အခုပြန်တောင်းပန်ရင် ငါကျေအေးပေးမယ်"

သီရိသက်ပျင်းချလိုက်ကာ ထိုမိန်းကလေးအား
လှောင်ရယ်တဲ့မျက်လုံးတွေနဲ့အထက်ဆီးဆန်ဆန်ကြည့်လိုက်ရင်း
"တောင်းပန်ရမယ်ပေါ့ နင့်လိုသူမျိုးကိုလေ ဟာ့"

သီရိအနည်းငယ်ဟန်လုပ်ရယ်လိုက်ကာ
ဘယ်သူကိုမှဂရုမစိုက်တဲ့အမူယာနှင့် လက်ပိုက်လိုက်ရင်း

"နင်ပြောသလိုပဲငါကသူဌေးသမီး အဲ့တာကိုငါကနင့်ကိုတောင်းပန်ရမယ်ပေါ့ ငါလုပ်ချင်တိုင်းလုပ်လို့မရဘူးလို့ပြောရအောင်နင်ကဘာမို့လို့လဲ ငါဘယ်လောက်ထိလုပ်နိုင်လဲ ပြပေးရအုံးမလား "

သီရိကျော့မော့စွာသူ့မဆံပင်ကိုသပ်လိုက်ပြီး
"ငါဘယ်လောက်ထိလုပ်နိုင်လဲ ပြပေးချင်သေးတယ် ဒါပေမဲ့ ဒီနေ့ ကုမ္ပဏီကိုအရေးကြီးတဲ့ ဧသယ်လာမှာမို့ အလျှော့ပေးလိုက်မယ် ကိုယ့်နေရာကိုယ်သိ ဒီကုမ္ပဏီက အားယားနေတဲ့လူတွေကိုမလိုအပ်ဘူး အချိန်ကိုအကျိုးရှိရှိအသုံးချကြ မဟုတ်ရင်ကိုယ့်အထုပ်ကိုယ်ဆွဲပြီးလစ်ကြ"

သူမပြောပြီးသည့်တစ်ပြိုင်နက်လှည့်ထွက်လာလိုက်ပြီး အနောက်မှာကျန်ခဲ့
တဲ့မိန်းကလေးများသည် မကျေနပ်စွာအံကိုကျိတ်ရင်းစိတ်ထဲတွင်ကျိန်ဆဲနေယုံမှ
တပါးဘာမှမလုပ်နိုင်ပေ

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now