Ep-21 (Z-U)

72 6 2
                                    

သိရိ ရေချိုးကန်ထဲတွင်ရေစိမ်နေရင်း မနေ့ညကသူမအဖေနှင့်သူမပြောတာကိုပြန်သတိရမိပြီး တစ်ယောက်ထဲရယ်ရခက်ငိုရခက်ဖြစ်နေကာ

"ဘုန်းရန်နိုင်ကငါ့ကိုလေ ဟဲဟဲ မဖြစ်နိုင်ပါဘူး ဒီအတိုင်းနောက်အလုပ်တွဲလုပ်ရတော့မှာမို့မေးတာနေမှာ ဟုတ်တယ် အဲ့တာပဲ"

သိရိရုတ်တရပ်ရယ်လိုက်ရင်းချက်ခြင်းပဲ မျက်မှောင်ကျုပ်မိသွားကာ
"တကယ်လို့ငါ့ကိုကြိုက်နေတာဆိုရင်ကော တခြားကူးပြောင်းတဲ့novelတွေမှာလဲ ဒီလိုအလားလာတွေများတယ်ဒါမဲ့
ငါနဲ့သူနဲ့က မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ဟ့ဟား"

သိရိခေါင်းကိုအမြန်ခါရမ်းလိုက်ပြီး ရေချိုးကန်ဘောင်ကိုမှီလိုက်ရင်း မျက်လုံးလေးကိုပိတ်လိုက်ကာ ဝေခွဲရခက်နေပြီး လာမဲ့အနာဂါတ်ကိုသာခေါင်းထဲထည့်ထားလိုက်သည်။

.
.
.
.

"မင်္ဂလာနံနက်ခင်းပါ သီရိ အရင်နေ့တွေလိုပဲ ဒီနေ့လဲမင်းကလှပနေတာပဲ"

သီရိဆံပင်ကိုသပ်လိုက်ရင်း ဖော်ရွေစွာပြုံးရင်း
"ကျွန်မလေပေါ်ပျံတတ်သွားပါအုံးမယ်"

"ကိုယ်မြှောက်ပြောနေတာမဟုတ်ပါဘူး"

"ထားလိုက်ပါ ကျွန်အဖေဆီကကြားပြီးပြီ ကိုရန်နိုင်ဟိုတယ်လုပ်ငန်းကိုလဲစိတ်ဝင်စားတယ်လို့ကြားတယ် ဒီနေ့ကျွန်မနဲ့အတူတူ ဟိုတယ်ကိုသွားကြည့်ကြမလား
ဟိုတယ်ကိုထပ်တိုးချဲ့ဖို့အစီစဉ်လဲရှိတာကြောင့် အခုထဲကသွားကြည့်သင့်တယ်လို့ ကျွန်မထင်တယ်"

ဘုန်းရန်နိုင်ခေါင်းညှိမ့်လိုက်ကာ သီရိအားကားတခါးဖွင့်ပေးလိုက်ပြီး

"ဒါဆိုကိုယ့်ကားနဲ့ပဲသွားကြရအောင်"

သီရိကားထဲဝင်လိုက်ပြီး ဘုန်းရန်နိုင်ကလဲညသူမနဲ့ဘေးချင်းကပ်ရပ်ထိုင်လိုက်ပြီး ခနတော့ဘာမှမဖြစ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကားထဲမှာသူတို့နှစ်ယောက်လုံးတိတ်ဆိတ်လျှက်ရှိပြီး လေထုကလဲချောက်ခြားဖွယ်ကောင်းလောက်ညိမ်နေတာကြောင့်

သီရိနေရထိုင်ရခက်သလိုဖြစ်လာပြီး တောင့်တောင့်ကြီးထိုင်နေမိသည်။ တိတ်ဆိတ်နေတဲ့အခြေနေကနေဘုန်းရန်နိုင် ရုပ်တရပ်

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Donde viven las historias. Descúbrelo ahora