Part_1💗

18.4K 793 84
                                    

Unicode

"Happy 1year Anniversaryပါဦး..."
ကိတ်မုန့်ကလေးကိုင်ပြီး၊ရှေ့မှာပြုံးပြလာသောချစ်ရသူကြောင့် အဂ္ဂထိပ်တင် မျက်လုံးလေးတွေဝိုင်းစက်သွား၍။

"မင်းမှတ်မိတယ်ပေါ့"

"ဘယ်လိုမေးလိုက်တာလဲ၊မှတ်မိတာပေါ့"

အဂ္ဂထိပ်တင် သူ့ရှေ့ကကောင်ငယ်လေးရဲ့ပါးပြင်လေးကို၊သူ့ရဲ့ကြီးမားသောလက်ဖဝါးကြီးဖြင့်အုပ်ကိုင်လိုက်ရင်း။

"ငါက မင်းမေ့သွားပြီထင်တာ"

"မေ့စရာလား၊ပြီးတော့ကျွန်တော် ဦးအတွက်ပြင်ဆင်လာတာရှိတယ်၊မျက်လုံးမှိတ်ထားနော်"

"အင်း"
အဂ္ဂထိပ်တင်လည်းမျက်လုံးလေးတွေ စုံမှိတ်ပြီးခဏကြာတော့။

"ဖွင့်ကြည့်လို့ရပြီ"
ထိုစကားသံလေးကြောင့် အဂ္ဂထိပ်တင် မျက်လုံးလေးတွေကို၊ငြင်သာစွာဖွင့်ကြည့်လိုက်တော့သေတ္တာအသေးလေးတစ်ခုအား၊ဆောင်းသစ္စာယူဆောင်လာခြင်းပေ။

"ဒါလေးက..."

"ဦးကိုချစ်တဲ့ ကျွန်တော့်အချစ်တွေလေ"

"ငါဖွင့်ကြည့်လို့ရလား"
အဂ္ဂထိပ်တင် သေတ္တာလေးကိုလက်ကလေးလှမ်းတော့၊ဆောင်းသစ္စာ တစ်ယောက် သေတ္တာလေးကို သူ့ရင်ခွင်ထဲသို့တင်းကျပ်စွာပိုက်လိုက်၍။

"အခုဖွင့်ကြည့်လို့မရသေးဘူး"

"ဟင်...အဲ့တာဆိုငါက၊ဘယ်အချိန်ဖွင့်ကြည့်ရမှာလဲ"
ထိုစကားကြောင့် ဆောင်းသစ္စာ မျက်လုံးလေးတွေပိတ်ကျသွားသည်အထိပြုံးပြရင်း။

"ဦး ကျွန်တော့်ကို၊မချစ်တော့တဲ့တစ်ချိန်ကြရင်ပေါ့"

ဆောင်းသစ္စာရဲ့စကားကြောင့် ရုတ်တရက် အဂ္ဂထိပ်တင် သူ့ရဲ့ယောကျာ်းငယ်ငယ်လေးကို၊ရင်ခွင်ထဲထွေးပွေ့လိုက်ပြီး။

"အဲ့အချိန်က၊ငါသေသွားတဲ့အချိန်ပဲဖြစ်လိမ့်မယ် ဆောင်းသစ္စာ..."

"ဦးရယ်..."
ဆောင်းသစ္စာ သူ့ကိုပွေ့ဖက်ထားတဲ့လူရဲ့ခါးလေးတွေကို၊တင်းကျပ်စွာဖက်ထားမိ၏။ကောင်လေး၂ယောက်၊၁ယောက်ကို ၁ယောက်မိုးမမြင်လေမမြင်ချစ်ခဲ့ကြပေမယ့်၊ကံကြမ္မာရဲ့အလှည့်အပြောင်းတွေကိုသူတို့ကြိုမသိခဲ့ရှာချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်းကျယ်ကြီးထဲဝယ်၊လူတွေအမြောက်အများရှိပေမယ့် အသံတွေဟာတိတ်ဆိတ်နေသည်။အခန်းတစ်ခုလုံးလည်းအပ်ကျသံတောင်မကြားရချေ။အကြောင်းအရင်းမှာသူတို့အားလုံးရဲ့အကြီးအကဲဒေါသထွက်နေခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မှအသံမထွက်ရဲကြခြင်းသာ။

Always For You...💗(အမြဲတမ်းမင်းအတွက်...💗)[S-2]{Ongoing}Where stories live. Discover now