Part_4💗

5.8K 429 59
                                    

Unicode

အချိန်ကားည၉နာရီကျော်လေပြီ။ဆောင်းသစ္စာ တစ်ယောက် ညနက်ထိပြန်မလာသေးသူကို၊အိမ်ရှေ့တံခါးဝလေးကနေမျှော်နေမိရှာ၏။ပြန်လာနိုးနိုးနဲ့ဆောင်းသစ္စာမျှော်နေမိတာ ညစာတောင်မစားရသေးချေ။အမှန်တော့ သူ့ရဲ့ကလေးဆိုးကြီးအား၊ဆောင်းသစ္စာ စိတ်ပူနေခြင်းပေ။

မကြာပါဘူး ကားမီးအရောင်လေးနှင့်အတူ၊အဂ္ဂထိပ်တင်ရဲ့ကားလေး ခြံထဲသို့ဝင်လာခဲ့၏။ကားလေးကိုတွေ့လိုက်ရမှဆောင်းသစ္စာ အသက်ဝဝရှုနိုင်တော့လေသည်။

အဂ္ဂထိပ်တင်တစ်ယောက် ကားပေါ်ကဆင်းဆင်းခြင်း၊ဆောင်းသစ္စာကိုပြုံးပြလိုက်ပေမယ့်၊ဆောင်းသစ္စာကတော့ ပြုံးရယ်ခြင်းမရှိသောမျက်နှာထားဖြင့်သာ၊လက်ပိုက်ထား၍။

"အော်...ပြန်လာသေးတာပဲ"
အေးတိအေးစက်ပြောလာသောစကားကြောင့်၊ဆောင်းသစ္စာ စိတ်ဆိုးနေမှန်း၊အဂ္ဂထိပ်တင် သိပေသည်။

"ငါနည်းနည်းနောက်ကျသွားတာ"

"နည်းနည်း...အော် နည်းနည်းဆိုလည်းနည်းနည်းပေါ့"
ထိုစကားဆိုပြီး ဆောင်းသစ္စာ လှည့်ထွက်သွားဖို့ပြင်လိုက်တော့၊အဂ္ဂထိပ်တင် ဆောင်းသစ္စာရဲ့လက်ကလေးကိုလှမ်းဆွဲလိုက်ကာ။

"ပေါက်စ..."
ထိုခေါ်သံ​လေးကြောင့် ဆောင်းသစ္စာရဲ့ခြေလှမ်းလေးတွေဟာ၊အလိုလိုရပ်တန့်သွား၏။သို့ပေမယ့် ဒီနေ့တော့သူစိတ်ကောက်ကိုကောက်ရမယ်ဆိုသောအတွေးဖြင့်သာ။

"ဘာလဲ"

"ငါ့ကိုစိတ်ဆိုးနေတာလားဟင်"
လေးထောင့်မျက်မှန်အောက်က၊မျက်ဝန်းလေးတွေဟာ ရူးပစ်ချင်လောက်အောင်၊လှပလွန်း၏။ဆောင်းသစ္စာလည်းတံတွေးတစ်ချက်မျိုချလိုက်ရင်း။

"မဆိုးပါဘူး၊စိတ်ဆိုးရအောင် ကျွန်တော်က ကလေးမဟုတ်ဘူး"

"သေချာရဲ့လား"
ထိုစကားကြောင့် ဆောင်းသစ္စာ သူ့လက်ကိုဆွဲထားသော၊အဂ္ဂထိပ်တင်ရဲ့လက်ကိုလွှတ်ချလိုက်ပြီး။

"ကျွန်တော်အိပ်ချင်နေပြီ၊အပေါ်တက်တော့မယ်"
ဆောင်းသစ္စာ ထိုစကားလေးဆိုပြီးအိမ်ပေါ်တက်သွားတော့၊အဂ္ဂထိပ်တင် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး။

Always For You...💗(အမြဲတမ်းမင်းအတွက်...💗)[S-2]{Ongoing}Where stories live. Discover now