Part_9💗

4.9K 352 78
                                    

Unicode

"တောက်စ်!"
ရုတ်တရက် အဂ္ဂထိပ်တင် ဆောင်းသစ္စာကိုဖက်ထားရာမှလွှတ်လိုက်ပြီး၊ကားပေါ်ကနေချက်ချင်းဆိုသလိုဆင်းသွားလေ၏။ဆောင်းသစ္စာလည်းဘုမသိဘမသိဖြင့်သာ၊သူပါကားပေါ်ကဆင်းလာတော့။

"ဘုန်းတေဇ..."

"ဆရာတို့ပါလား၊ကျွန်တော်တမင်ရည်ရွယ်ပြီးတိုက်လိုက်တာမဟုတ်ပါဘူး၊မတော်တဆဖြစ်သွားတာပါ"
ဘုန်းတေဇ ခေါင်းလေးငုံ့ရင်းပြောလာတော့၊အဂ္ဂထိပ်တင် မျက်လုံးစိမ်းကြီးတွေဖြင့်ကြည့်လာ၍။

"မတော်တဆ ဟုတ်လား၊အဲ့တာဆို မင်းဒီနားမှာပဲရပ်နေ၊ငါ့ကားနဲ့မင်းကိုဝင်တိုက်မယ်၊ပြီးရင်မတော်တဆဆိုပြီးပြောမယ်လေ!"

နဖူးမှာလည်းသွေတွေကျဆင်းလျှက်သာ၊ဒေါကြီးမောကြီးဖြင့် ရန်တွေ့နေသူကြောင့်၊ဆောင်းသစ္စာ မျက်နှာငယ်လေးနှင့်သာ။

"ဦးရယ်...တော်ပါတော့၊သူလည်းတမင်လုပ်တာမှမဟုတ်တာ"

"ငါ့နဖူးပဲပေါက်သွားလို့မင်းသက်သာသွားတယ်မှတ်၊ငါ့ယောကျာ်းသာတစ်ခုခုဖြစ်လို့ကတော့ မင်းအလောင်းတောင်ပြန်ရှာမရပဲဖြစ်သွားမယ်၊နားလည်လား!"

စိတ်ဆိုးဒေါသထွက်နေတဲ့သူ့လူကြီးကြောင့်၊ဆောင်းသစ္စာရဲ့မျက်နှာမှာလည်းဒင်္ဂါးစေ့လောက်သာရှိတော့၏။

"ဟုတ်ကဲ့...ကျွန်တော်တောင်းပန်ပါတယ်ဗျ၊နောက်ဆိုကျွန်တော်ကားမောင်းဆင်ခြင်ပါ့မယ်"

တစ်ဖက်ကတရိုတသေပြန်ပြောလာတဲ့ ဘုန်းတေဇကြောင့်၊ဆောင်းသစ္စာခမျာပိုပြီးအားနာနေရှာသည်။သူ့အချစ်တော်ကြီးကလက်သီးလက်မောင်းတန်း၍၊သတ်မဲ့ဖြတ်မဲ့ပုံစံဖြစ်နေသော်လည်း၊ဘုန်းတေဇ ကတော့ ဘာတစ်ခုမှရန်မူခြင်းမရှိသည့်အပြင်၊သေချာကိုတောင်းပန်နေသေးတာလေ။

"ဦးရယ်...လာပါ၊ဦး နဖူးကိုလည်းဆေးထည့်ပေးရအုံးမယ်၊သူလည်းတောင်းပန်နေပြီပဲ၊စိတ်လျော့လိုက်ပါတော့နော်"

"အေး၊မင်းဘာမှမဖြစ်လို့အဲ့ကောင်ကိုလျော့ပေးလိုက်တာမှတ်၊လာ...သွားကြမယ်"

"ဟုတ်...ဘုန်းတေဇ သွားပြီနော်"

"ဟုတ်ကဲ့ဆရာ..."

Always For You...💗(အမြဲတမ်းမင်းအတွက်...💗)[S-2]{Ongoing}Where stories live. Discover now