Part_11💗

11.8K 485 202
                                    

Unicode

ဆောင်းသစ္စာ ငိုနေတဲ့ကောင်လေးကို၊အသာအယာနှစ်သိမ့်ပေးနေရှာမိ၏။

"မငိုနဲ့တော့၊မင်းအဘိုးကမင်းငိုနေတာသိရင်၊သူလည်းဘယ်စိတ်ကောင်းပါ့မလဲ"

"ကျွန်တော်...ကျွန်တော်...အဟင့်..."

"အင်း...မင်းစိတ်ထဲဘယ်လိုခံစားနေရလဲဆိုတာ၊ငါနားလည်ပါတယ်"

"ဟင့်...ဆရာ...ပြန်တော့မှာလားဟင်"
ငိုနေရင်း ဆောင်းသစ္စာရဲ့ရင်ခွင်ထဲကနေ၊ခေါင်းလေးထောင်ကြည့်လာသောကောင်လေးအား၊ဆောင်းသစ္စာ အပြုံးဟုမဆိုလောက်သော အပြုံးလေးပြုံးပြလိုက်ရင်း။

"မပြန်သေးပါဘူး"

"တကယ်လား...ဆရာ..."

"အင်း...လာပါ၊အပြင်ဘက်ခုံတန်းမှာသွားထိုင်ကြမယ်လေ၊မင်းအဖေနဲ့အမေလည်းရှိတာပဲ၊ဒီမှာနေရင်မင်းပိုစိတ်ကျဥ်းကျပ်လိမ့်မယ်"
ဆောင်းသစ္စာရဲ့စကားကြောင့် ဘုန်းတေဇ ဆောင်းသစ္စာ ရင်ခွင်ထဲကနေသူ့မျက်နှာလေးကိုခွာလိုက်၍။

"ဟုတ်ကဲ့ဆရာ"
ဆောင်းသစ္စာ ရှေ့ကနေပန်းချီကားချပ်လေးကိုကိုင်ပြီးထွက်သွားတော့၊ဘုန်းတေဇလည်း အနောက်ကနေမျက်ရည်တွေသုတ်ရင်းလိုက်သွား၏။

ဆေးရုံအပြင်ဘက်ကခုံတန်းလေးပေါ်မှာ၊ကောင်လေး၂ယောက်ဘေးချင်းကပ်၍၊အတူယှဥ်ထိုင်လိုက်ကြသည်။ဆောင်းသစ္စာ ငိုထား၍မျက်လုံးတွေနီရဲနေသောကောင်ငယ်လေးအား၊ဂရုဏာသက်ဖွယ်အကြည့်များဖြင့်သာကြည့်နေရှာ၏။

"မင်းဘာစားထားပြီးပြီလဲ"
ဆောင်းသစ္စာရဲ့အမေးစကားလေးကို၊ဘုန်းတေဇ ခေါင်းလေးရမ်းကာ။

"ဟင့်အင်း...ကျွန်တော်မနက်ထဲက၊ဘာမှမစားရသေးဘူး"

"ဟာ...အဲ့လိုနေလိုဘယ်ဖြစ်မလဲ၊တစ်ခုခုတော့စားထားမှပေါ့၊နေအုံး..ကိုယ်မင်းအတွက်တစ်ခုခုသွားဝယ်လာပေးမယ်"

ဆောင်းသစ္စာ ထိုစကားလေးဆိုပြီး၊ခုံတန်းလေးပေါ်ကထလိုက်တော့ သူ့လက်ကိုဆုပ်ကိုင်လိုက်သည့်လက်တစ်စုံကြောင့်၊ဆောင်းသစ္စာ ခြေလှမ်းတွေရပ်တန့်သွား၏။

"ကျွန်တော့်အနားမှာပဲ၊နေပေးပါလား..."

"မင်းအစာလွန်လို့မဖြစ်ဘူး၊တစ်ခုခုစားလိုက်၊ဗိုက်ထဲမှာဘာမှမရှိလို့မဖြစ်ဘူးလေ"

You've reached the end of published parts.

⏰ Last updated: Jan 29, 2023 ⏰

Add this story to your Library to get notified about new parts!

Always For You...💗(အမြဲတမ်းမင်းအတွက်...💗)[S-2]{Ongoing}Where stories live. Discover now