♡1♡

5.7K 322 17
                                    

(Unicode)

မိိုးတွေအုံနေပြီး ကောင်ကင်းကြီးမဲမှောင်နေသောတစ်နေ့တွင်....

"စိတ်ညစ်နေပါတယ်ဆိုကွာ မိုးကပါအုံမိုင်းနေတာဘဲ အဲ့ဒါနဲ့ဆို ရိုက်ကွင်းကကြာမှာဘဲ "

ထိုစကားပြောသူမှာ အခြားသူမဟုတ် jungkookပင် သူဟာသူ့အဖေခိုင်းတဲ့အလုပ်တောင်ဘေးဖယ်ထားပြီး ရုပ်ရှင်လာရိုက်ရမှာ နေပူထဲမှာစက်ဘီးစီးတဲ့အခန်းရိုက်ရမည်ကို မနက်ထဲက မိုးကအုပ်နေ၍ဖြစ်သည်။

"တော်ပြီကွာ ဒါရိုက်တာ ကျွန်တော်ပြန်ပြီ နောက်နေ့မှလာရိုက်မယ်ကျေနပ်လား"

ဒါရိုက်တာကြီးမှာ အောင့်သက်သက်နဲ့ပင်သဘောတူလိုက်ရသည်။စိတ်ထဲတွင်တော့ သူ့လိုjungkookအဖေအရွယ်ကိုဒါရိုက်တာဟု ဖြစ်သလိုခေါ်သွားသည်ကိုမကျေနပ်ပေမဲ့ အပြင်တွင်ထုတ်မပြောရဲ့ Jeonတွေရဲ့ အာဏာကိုသိနေခြင်းကြောင့်ပင်ဖြစ်သည်။

jungkookလဲဒါရိုက်တာကိုပြောပြီတာနဲ့ သူရဲ့ဒါရိုက်ဘာနဲ့အတူအခုလက်ရှိတွဲနေသော ဆိုမီးနဲ့ချိန်းထားတဲ့နေရာသို့ထွက်လာခဲ့လေသည်။

"ကိုကိုရောက်ပြီလား ဆိုမီးကကြာပြီစောင့်နေတာ"

"ရောက်နေလို့ မင်းမြင်နေရတာမဟုတ်ဘူးလား"

"အာ ကိုကိုကလဲဘယ်တော့မှစကားအကောင်းမပြောဘူးဟွန့်"

"မကျေနပ်ရင် လစ်လိုက်လေ"

"ဆိုမီးကအဲ့သဘောပြောတာမဟုတ်ရပါဘူး မုန့်စားမယ်လေ ထိုင်လေကိိုကို"

jungkook ဆိုသည်မှာထိုသို့လူမျိုးမိန်းခလေးတွေကိုအပျော်သာတွဲတာ ဂရုစိုက်မှုဘယ်တော့အခါမှမပေးဘူးလေ။ဒါကိုဘဲကောင်မလေးတွေကခုံမင်ပြီး တွဲဖို့ကိုတန်းဆီနေကြတာပေါ့။jungkook ဘက်ကစဖွင့်ပြောတဲ့ ကောင်မလေးဟူ၍မရှိ ကောင်မလေးတွေအကုန်လုံးကသာ jungkook ကိုအရင်ဖွင့်ပြောပြီးတွဲမယ်လို့ အရင်ပြောကြသူများပင်ဖြစ်သည်။

သူတို့နှစ်ယောက် လည်းမုန့်တူတူစားပြီးjungkookကပြန်မပို့ပေးဘဲ ကောင်မလေးကိုဒီအတိုင်းထားခဲ့လေသည်။

ကောင်မလေးနဲ့တွေ့ပြီးပြန်လာတဲ့jungkookတစ်ယောက် သူသွားမဲ့လမ်းအရှေ့မှာကားတွေပိတ်ကျပ်နေတာကြောင့်လိုရာကိုသွားလို့မရဘဲ စောင့်နေရသည်မှာ ငါးမိနစ်ရှိပြီဖြစ်သည် ထပ်ပြီးမစောင့်နိုင်တော့၍ကိုယ်တိုင်အပြင်ထွက်ပြီး ပြောရန်လုပ်တော့ ကားလမ်းမှခပ်လှမ်းလှမ်းတွင် kim Taehyung ရုပ်ရှင်ရိုက်ကူးရေးရှိသည်ဖြစ်၍ သူ့fanများလာကြည့်တာကြောင့် ကားလမ်းပိတ်ကျပ်နေခြင်းဖြစ်သည်။

♥︎♡A Love Story From Filming♥︎♡(Completed )Where stories live. Discover now