♡9♡

3.5K 221 13
                                    

(Unicode )

9...

သတင်းရဲ့ ခေါင်းစီးပိုင်းမှာ နေရာယူနေတဲ့ jungkookနဲ့ Honey ရဲ့သတင်း ပရိသတ် အားလုံးက တစ်ယောက်တစ်မျိုးစီ ထင်ချေပေးကြလေသည်။

Honeyနဲ့jungkookပုံကိုကြည့်ပြီး သဘောတူကြသူများရှားလေသည်။ Honey က ရုပ်ရှင်မင်းသားတွေနဲ့အများဆုံးတွဲသူဖြစ်ပြီး စပွန်ဆာရလျှင် အကုန်လုပ်သောသူဖြစ်သောကြောင့် ဖြစ်သည်။
.

.

.
"Taehyung မှာကော ချစ်သူမရှိဘူးလား"

"မရှိဘူး...ဒရိုကျတာကွီး"

"ဘာလို့မထားတာလဲ Taehyung "

"ကျွန်တော် ချစ်တဲ့သူရှာမတွေ့သေးလို့ပါ"

"ဟုတ်လား... အဲ့ဒါဆိုခနစောင့်ပါအုံးနော် jungkook ကမလာသေးဘူး"

"ရပါတယ်"

ဒရိုကျတာနဲ့Taehyung စကားပြောပြီးမကြာခင်မှာဘဲ jungkook ရောက်လာလေသည်။

"ဒါဆို စရိုက်ကြတာပေါ့"

မနေ့ကTaehyung တစ်ယောက် သူ့အဖေသူငယ်ချင်းအိမ်သွားခဲ့ပြီး ထိုအိမ်မှာjungkookတို့အိမ်ဖြစ်နေလေသည်။

"အဲ့တော့ မင်းက ဒီမှာငါတို့နဲ့တူတူနေမှာပေါ့"

"မရည်ရွယ်ပါဘူး ဒါမဲ့အဲ့လိုဘဲ နေဖို့ဖြစ်သွားတယ်"

"ဒါဆိုလဲ မင်းနဲ့ငါတစ်အိမ်ထဲနေတာကို ဘယ်သူမှမသိစေနဲ့ကြားလား"

"ဟုတ်ပါပြီ "

"သားလေးတို့နှစ်ယောက်  ဘာတွေပြောနေကြတာလဲ"

ထိုအခန်းကိုကိုယ်တိုင်ရိုက်သူမှာ jungkookရဲ့အမေဂျောင်ရှင်းဖြစ်နေသောကြောင့် ရိုက်နေရင်းတန်းလန်း jungkook နဲ့ Taehyung တစ်ယောက်မျက်နှာတစ်ယောက် နားမလည်သလိုကြည့်နေလေသည်။

"cut"

"အမေဒါက ဘယ်လိုဖြစ်တာလဲ "

"suprise လေသားရယ်"

"ကျွန်တော်ကအန်တီ ကိုယ်တိုင်ရိုက်မယ်မှန်းမသိခဲ့ဘူး"

"မင်းမပြောနဲ့ သူ့သားငါတောင်မသိဘူးကွာ"

"အမေဘာလို့ ပါရတာလဲ"

"အမေအကြိုက်ဆုံးကားလေ ပါရမှာပေါ့ ဘယ်လိုလဲမိုက်တယ်မလား"

♥︎♡A Love Story From Filming♥︎♡(Completed )Where stories live. Discover now