♡2♡

4.2K 280 32
                                    

(Unicode )


*ဘဝကလဲ မမြင်ချင်တဲ့လူကိုမှအိမ်မှာ ထမင်းခေါ်ကျွေးရတဲ့အဖြစ်ဘာလား hk*

jungkook တစ်ယောက်kim မိသားစုကိုကြည့်ရင်းပြောနေခြင်းပင်ဖြစ်သည်။

"ဟဲ့သားဘယ်လိုတွေပြောနေတာလဲ နင့်အဖေရဲ့သူငယ်ချင်းကိုလေ

"ဘာပြောပြောပေါ့ ကျွန်တော်ကသူနဲ့မတည့်ဘူး အမေရ"

"နင့်ဘာသာတည့်တည့်မတည့်တည့် ခုရန်ဖြစ်ဖို့မကြိုးစားနဲ့ နင့်အဖေအကြောင်းသိတယ်မလားသား"

"သိပါတယ် အမေရာ"

jungkook တစ်ယောက်သူ့အမေဆိုငယ်ငယ်ထဲက မကြောက်ပေမဲ့ အဖေ့ကိုဆိုကြောက်ရပါသည်။အဖေက jungkook ဘာလုပ်လုပ်ဝင်မစွတ်ဖတ်ပေမဲ့ တခုခုဆိုအဖေကသူပေးထားတဲ့ black ကဒ်ကိုသိမ်းတယ် သိမ်းတာထက် ကဒ်ထဲကပိုက်ဆံကို သုံးမရအောင်လုပ်ခြင်းကြောင့်ဖြစ်သည်။အဖေက jungkookရုပ်ရှင်လောကထဲဝင်တာကို ဘာမှမပြောပေမဲ့ jungkook ၏မိန်းမပွေမှု့ကိုအမြဲရှင်းပေးသောသူဖြစ်သည်။လွန်လာလျှင် ရုပ်ရှင်မရိုက်ခိုင်းတော့ဘဲ company ထဲဝင်ရမည်ဟု ပြောထားသောကြောင့်ဖြစ်သည်။ထိုကြောင့် အဖေကိုဆိုကြောက်ရပါသည်။

"မဂ်လာပါ အန်တီ နေကောင်းလားဗျ"

"ကောင်းတယ် အန်တီက သားလေးကမတွေ့တာကြာလို့ ချောလာလိုက်တာ"

"ဟီး ကျေးဇူးပါ"

"တွေ့ရတာဝမ်းသာပါတယ် အန်ကယ်နဲ့အန်တီ"

"jungkook လေးကမတွေ့တာကြာလို့ထွားလာလိုက်တာ Taeလေးတောင်jungkookနဲ့ယှဉ်ရင်သေးသွားတာဘဲ ချောလာလိုက်တာသားရယ်"

"ကျေးဇူးပါ အန်တီ"

"ငါ့သားတောင် ခန့်ချောကြီး ဖြစ်လာပြီဘဲ"

"အန်ကယ်ကလဲမြှောက်နေပြန်ပါပြီ"

"အန်ကယ်က တစ်ကယ်ပြောတာပါ jungkookရဲ့"

"ဟေ့ယျောင် kim မင်းထမင်းစားခန်းထဲဝင်ဖို့အစီအစဉ်မရှိသေးဘူးလား ဟမ်"

"လာပါပြီ jungminရယ်"

jungkook အဖေနဲ့Taehyungအဖေမှာ လုပ်ငန်းစပ်တူလုပ်ရင်း အရင်ထဲက ခင်မင်ခဲ့သူများဖြစ်သည်။

♥︎♡A Love Story From Filming♥︎♡(Completed )Where stories live. Discover now