♡3♡

4K 252 57
                                    

(Unicode )

3

သာယာလှပသော မနက်ခင်းလေးမှာပေါ့...

မသာယာနိုင်တာကjungkook အဘယ်ကြောင့်ဆိုသော်  Taehyung အမေကားနဲ့လာခေါ်မှာဖြစ်၍ သာမန်ထက်စောထနေရခြင်းကြောင့် ဖြစ်သည်။

"အမေ မနက်စားပြီးပြီးလား"

"အမလေး မောင်မင်းကြီးသားရယ် စောထလို့ပါလား နေအနောက်အရပ်ကထွက်တော့မယ်ထင်ပါတယ်။"

"အမေက ကျွန်တော့်ကိုဆိုပြောဖို့ကြီးဘဲ ဟိုအချိုးမပြေတဲ့ကောင်နဲ့အန်တီ လာခေါ်မှာမလို့ စောထတာပါဗျာ"

"အမလေးဟယ် Taeလေးကိုများ အချိုးမပြေတဲ့ကောင်တဲ့ သေချင်လို့လား"

"အမေဗျာ ဗိုက်ဆာရတဲ့ကြားထဲ"

"လာ..လာစာကော်ဖီနဲ့ထမင်းကြော်လုပ်ထားတယ် လာစား..."

"စားမယ်"

jungkook လဲကော်ဖီနဲ့ ထမင်းကြော်စားပြီးကွက်တိပင် Taehyung နဲ့သူ့အမေကားနဲ့ရောက်လာလေသည်။

"အမေဟိုမှာရောက်နေပြီ ကျွန်တော်သွားပြီနော်"

"သားအလိုက်သင့်နေနော် ဘုကန့်လန့်မပြောနဲ့နင့်အဖေအကြောင်းသိတယ်မလား"

"သိပါတယ်ဆို အမေကလဲ"

jungkook လဲသူ့အမေနဲ့စကားပြောပြီးခြံထဲသို့ထွက်လာလေသည်။

"သားလေ jungkook လာ...လာအနောက်ခန်းမှာထိုင်"

"ဟုတ်..အန်တီ"

"ဒါဆိုငါတို့သွားပြီနော် ဂျောင်ရှင်းရေ"

"ဟုတ်ပြီ မီယောင်းရေ ငါ့သားစကားမှားရင်စိတ်မကွက်ပါနဲ့နော် jungkook ကနည်းနည်းဆိုလို့"

"ဂျောင်ရှင်းရယ် နင့်သားကအရမ်းမဆိုးပါဘူး ငါတို့သွားပြီနော်တာ့တာ"

"တာတာ့ မီယောင်းရေ "

Taehyung အမေနဲ့jungkookအမေမှာအချင်းချင်းနှုတ်ဆက်ပြီး ပြုံးရွှင်နေကြလေသည်။

သူတို့ကားလေးလည်း တရွေ့တရွေ့နဲ့မောင်းထွက်လာသည်မှာ Hybeအရှေ့သို့ပင်ရောက်လာလေသည်။

"ဆင်းကြတော့ရောက်ပြီ သားလေးတို့ရေ"

"အမေ Taeသွားပြီနော်အဲ့ဒါဆို"

♥︎♡A Love Story From Filming♥︎♡(Completed )Where stories live. Discover now