♡19♡

3.7K 205 26
                                    

(Unicode )

19.....

jungkook တစ်ယောက် Honey စကားကြောင့် စိတ်တွေမကြည်ဖြစ်ပြီး အရက်သောက်ပြီး အိမ်ပြန်လာပေမဲ့ Taehyung ကအရက်နံမခံနိုင်၍ အနည်းငယ် အာစွတ်ယုံမျှသာသောက်ပြီး ပြန်လာလေသည်။

jungkook အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်တွင်သူ့အားထိုင်၍ စောင့်နေသော Taehyung အားတွေ့လေသည်။

"နောက်ကျနေပြီကို မင်းအခုထိမအိပ်သေးဘူးလားဟမ်"

"အွန်း အိပ်မပျော်လို့ပါ ငါဘေးခနလာထိုင် ငါကမေးစရာရှိတယ်"

jungkook လဲ Taehyung ဘေးဝင်ထိုင်လိုက်လေသည်။ထိုအချိန် Taehyung ကသူလက်ကကိုင်ပြီး....

"အဆင်ပြေရဲ့လားဟင် Honey ရောက်လို့အကုန်သိပီးပါပြီ..."

"အဲ့မိန်းမ မင်းကိုမဟုတ်တာတွေပြောသွားသေးလားဟမ်..."

ခေါင်းခါပြပါသော Taehyung....

"မဟုတ်ဘူး သူက မင်းနဲ့ ကလေးရှိနေကြောင်းပြောတယ် ငါကလဲပြောလိုက်တယ် မင်းကိုလက်မလွှတ်မှာမို့ မင်းနဲ့ရတဲ့ကလေးဆိုရင်တောင် ငါကမွေးစားမယ်လို့ပြောလိုက်တယ် jungkook ငါကိုမမုန်းပါနဲ့....ငါ...ငါကမင်းကိုလက်မလွှတ်နိုင်ဘူး...ဟင့်"

ပြောရင်းနဲ့ Taehyung ဟာဝမ်းနည်းတကြီးရှိုက်ငိုပါတော့သည်။

"ဘာ...ဘာလို့လက်မလွှတ်နိုင်ရတာလဲ ငါ့ကိုမမုန်းဘူးလားငါ့ထက်ကြီးတဲ့မင်းကို အကိုလို့လဲမခေါျဘူး အခုလဲကလေး ကိစ္စလဲရှိသေးတယ် ပြီးတော့ အမြဲမင်းအပေါ်ငါကိုမကောင်းခဲ့ဘူးမလား ဘာလို့လဲ..."

"ချစ်...ချစ်လို့ပေါ့ အဲ့လောက်တုံးရလား မချစ်ရင် မင်းကိုအရာရာလိုက်နားလည်ပေးမလား....ပြောလေပြီးတော့ ဓာတ်ပုံတစ်ပုံတွေ့တယ် မင်းငယ်ငယ်ထဲက ကွိုကျတာ Honey ဆိုပေမဲ့ ကလေးကိုငါကမွေးစားပေးမှာမို့ ငါ...ငါနဲ့မင်း...လက်ထပ်ပွဲကိုမငြင်းပါနဲ့ jungkook "
.
.
.

jungkook pov/.....

Taehyung ပြတဲ့ဓာတ်ပုံကို jungkook ကြည့်ပြီးအလွန်အံ့သွားမိတယ် အဲ့ဒီပုံက သူငယ်ငယ်က တိတ်တခိုးခစေ်ခဲ့ရတဲ့ကောင်လေး အူကြောင်ကြောင်ရုပ်နဲ့ ဆံပင်က မျက်လုံးထိဖုံးနေပြီး သွားစီးတွေတပ်ထားတဲ့ ကောင်လေး အဲ့ကောင်လေးက သူကစားပြီးချိန်တိုင်းရေဘူးလာပေးပြီး jungkook ကလဲ အမြဲစနောက်နေပေမဲ့ ရင်ထဲမှာချစ်မိနေခဲ့ပြီး စချင်လို့ ပါဆိုပြီးခေါင်းစဉ်တက်ပြီး ရိုက်ခဲ့တဲ့ပုံတွေ တနေ့ရုတ်တရက် ကောင်လေးက ကျောင်းပြောင်းသွားတယ်ဘဲ သိရပြီး ဘယ်ကိုပြောင်းလို့ပြောင်းမှန်းမသိခဲ့ဘူး လိုက်ရှာချင်ပေမဲ့ မှန်ကြောင်လေးလို့ဘဲ ခေါ်ခဲ့တဲ့သူက နာမည်မမေးမိခဲ့ဘူး နာမည်လဲမသိသလို ကောင်လေးအကြောင်းလဲ ဘာဆိုဘာမှစုံစမ်းလို့မရဘဲ ရင်နာနာနဲ့သူ့ပုံလေးတွေသာသိမ်းထားခဲ့ရသည်။

♥︎♡A Love Story From Filming♥︎♡(Completed )Where stories live. Discover now