♡17♡

3.5K 212 14
                                    

(Unicode )

17.....

ဆေးရုံသို့ရောက်သော်...

"ဒေါက်တာယူ Taehyung ကိုကြည့်ပေးပါဉီး ရုတ်တရက်မေ့လဲသွားလို့"

"အော်...jungkook မင်းရဲ့ ခင်ပွန်းလောင်းလေးအဆင်ပြေမှာပါ စိတ်မပူနဲ့"

"အေးပါကွာ ကူညီပါအုံး "

ဒေါက်တာယူမှာ jungkook သူငယ်ချင်းဖြစ်သောကြောင့် အဆင်ပြေလေသည်။

ဒေါက်တာယူ လဲအပြင်ထွက်လာသော ခုံတွင် ထိုင်စောင့်နေသော jungkook ကိုကြည့်ပီး...

"မင်းရဲ့ကောင်လေးက ညဘက်တွေမအိပ်ဘူးလားဟမ်..."

"မသိဘူး... ငါလဲ"

"မင်းသိတာ ဘာရှိလဲဟျောင့်...ထားတော့ မင်းကောင်လေးက ညဘက်တွေ အိပ်မပျော်ဘူးထင်ပါရဲ့ အိပ်ဆေးအပြင်းစားတွေသောက်နေတာတွေ့ရတယ် သူရဲ့ဘောင်းဘီအိတ်ထဲမှာငါ အိပ်ဆေးအပြင်းစားတွေတွေ့တယ် မသောက်ဖို့ကန့်သတ်ထားတဲ့ဟာတွေပေါ့"

"အဲ့...အဲ့ဒါဆိုသူ့ကိုဘယ်လိုလုပ်ပေးရမလဲဟမ် အိပ်ပျော်အောင်လေ"

"အဲ့ဒါက သူစောစောအိပ်အောင် မင်းကချော့သိပ်ရမယ် သူအစားပုံမှန်စားအောင်မင်းကလုပ်ရမယ် အာဟာရပြည့်ဝတဲ့အစားအစာတွေကျွေးရမယ် နွားနို့တိုက်ရမယ်မအိပ်ခင် မနက်ကျလဲ ကော်ဖီမသောက်ခိုင်းဘဲ စတော်ဘယ်ရီဖျော်ရည်၊နွားနို့စသဖြင့်အာဟာရရှိတာတွေဘဲကျွေးရမယ် ကြားလား"

"ဟုတ်ပီ ငါအခုဘဲသွားဝယ်လိုက်မှာမို့ မင်းက Taehyung ကိုခနကြည့်ပေးထားပါ။Taehyung နိုးလာရင်လဲ မင်းက ငါမုန့်သွားဝယ်ကြောင်း ပြောပြလိုက်နော် သူစိတ်ပူနေမှာဆိုလို့"

"အေးပါကွာ စိတ်ချလက်ချသာသွား ဟုတ်ပြီလား"

"အေး"

jungkook လဲဒေါက်တာယူကိုပြောတဲ့ အတိုငျးmallကိုနောက်တစ်ခါ ထပ်သွားပြီး ဝယ်စရာရှိတာ ဝယ်ပြီး ဒေစီပန်းရနံ့၊နှင်းဆီအနံ၊လီမွန်အနံစသဖြင့် အနံမျိုးစုံးနဲ့ candleလေးကိုဝယ်လာလေသည်။ဒါ လေးညဘက်ထွန်းပေးရင် Taehyung ကောင်းကောင်းအိပ်ပျော်မှာပါလေ။

jungkook ဆေးရုံကိုပြန်ရောက်တော့  Taehyung ကနိုးနပွေီးဖွဈ၍ ကုတင်ပေါ်တွင်ထိုင်နေလေသည်။

♥︎♡A Love Story From Filming♥︎♡(Completed )Onde histórias criam vida. Descubra agora