-1/One-

2.4K 155 9
                                    


Unicode >>

Chapter 1: ဘဝသစ်တစ်ဖန်စတင်ခြင်း

ကျိုးကျီယု သည် အမှောင်ထုထဲတွင် နိုးထလာခဲ့သည် ။ သူ့မျက်လုံးကို ဖွင့်ပြီး မြင်နိုင်သမျှ လှည့်ပတ်ကြည့်ပြီးနောက် သူဟာ မှောင်မည်းနေတဲ့ လွင်ပြင်ထဲရောက်နေခဲ့တာပဲ ဖြစ်သည် ။

သူ အနည်းငယ်လူးလွန့်ကြည့်ပြီးမှ သူ့လက်နဲ့ခြေထောက်တွေ လှုပ်လို့မရဘူးဆိုတာ သေချာလာတယ် ။ သူတကယ်ပဲ လုံးဝလှုပ်ရှား မရဘူးပဲ။ သူ့မျက်နှာကမြေပြင်မှာ ကပ်ပြီး အားအင်မဲ့စွာ လဲကျနေခဲ့တာ ။ နှာခေါင်းထဲ သွေးနံ့တွေ စိမ့်ဝင်နေတယ် ။ သူမသေသေးတာလား.....ဒါဆိုဒါက ဘယ်နေရာလဲ ။ သေပြီးသွားလို့များ ငရဲကို တကယ်ကြီးရောက်လာတာတော့ မဖြစ်နိုင်ပါဘူးနော် ။ ကျိုးကျီယု ရဲ့ ဦးနှောက်ထဲ ဪှုပ်ထွေးလာတယ် ။ ဒါပေမယ့် မကြာခင်မှာပဲ သူ့မေးခွန်းတွေကို အဖြေကို ရှာတွေခဲ့ပါတယ် ။ တောက်ပတဲ့အလင်းရောင်တန်းဟာ မတိုင်မှီကရှိခဲ့တဲ့အမှောင်ထုကို ကွယ်ပျောက်သေခဲ့တယ် ။

" သူလား? "

အမျိုးသားတစ်ဦးရဲ့ မေးမြန်းသံ ။

" အဲ့ဒါ သူပဲ "

အခြားတစ်ယောက်က ပြန်လည်ဖြေကြားသည် ။

အဲ့ဒီအသံတွေ ကြားလိုက်ချိန်မှာ ကျိုးကျီယု သူတို့‌ကိုမေးခွန်းတွေမေးချင်တယ် ။ ဒါပေမယ့် မေးမြန်းရမယ့် အစား လူနှစ်​ ​ေယာက်သူ့ဆီလျှောက်လာတာ မြင်လိုက်ရပြီး လက်မောင်းကနေ ခပ်ကြမ်းကြမ်းဆွဲကိုင်ခံလိုက်ရတယ်။ သူ့ကိုအခန်းပြင်ဘက် ဆွဲခေါ်သွားပုံက သူတို့ဆွဲနေတာ burlap အိတ်တစ်လုံးအတိုင်းပဲ ။ အပြင်ဘက်ရောက်တဲ့နောက် အားပြင်းတဲ့နေရောင်ခြည်ဒဏ်ကို လက်မခံနိုင်ခဲ့ဘူး ။ ဖြစ်နိုင်တာက အမှောင်ထဲမှာအချိန်အကြာကြီး နေခဲ့ရလို့ဖြစ်မယ် ။ သူ့မျက်လုံးတွေ ပိတ်ထားခဲ့တာကြောင့် သူရောက်နေတာ ရှည်လျားတဲ့လမ်းပေါ် ဆွဲသွားခံရတယ်လို့ ခံစားမိနေတာ ။ အဆုံးမရှိတဲ့ ကော်ရစ်တာကြီး ၊ ပြီးတာနဲ့ ကျယ်ဝန်းတဲ့ခန်းမဆောင် အလည် ပစ်ထည့်ခံလိုက်ရတယ် ။

" ရှန်ရှန်း "

သူကြားခဲ့ဖူးတဲ့အသံ ပြန်ထွက်လာတယ် ။ ဒါပေမယ့်အခုက ထူးခြားတဲ့သူတစ်‌ယောက်ကို ပြောဆိုနေတဲ့ ပုံမျိုး ။

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now