-2/Three-

356 42 0
                                    

ကျိုးကျားယွီနဲ့ ရှန်ရိ‌ချောင်တို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတယ်။ ကျိုးကျားယွီက စကားမပြောရဲတာကြောင့် လှည့်ကာထွက်ပြေးလာပြီး ၊ သူ့အခန်းထဲ ဝင်ရုံသာရှိသေး အပြင်ဘက်ကနေ ရှန်ရိချောင်ရဲ့ တံခါးကို ထု‌နေသံ ကြားလိုက်ရပြီး သူကအော်ဟစ်လာတယ် ။

" ကျိုးကျားယွီ မင်းက စက်ဆုပ်ဖို့ကောင်းတဲ့ လူလိမ်ကောင်! ဘယ်လို အလိမ်အညာမန္တန်တွေနဲ့ ရှန်ရှန်းအပေါ် ပြုစားထားတာ‌လဲ...."

ကျိုးကျားယွီ : "...."

" ရှန်ရှန်းနဲ့အတူ အိပ်ယာဝင်ဖို့ အရည်အချင်းရှိရင် ဒီတံခါးကို ဖွင့်ဖို့လည်း အရည်အချင်းရှိရမယ်! ကျိုးကျားယွီ မင်းငါ့ကို ပုန်းမနေနဲ့ ! "

[Note - ရှန်ရိချောင်က drama ထဲက စကားကိုယူသုံးထားတာပါ ။]

ကျိုးကျားယွီ ဒီ ဒိုင်ယာလော့ တွေကို ထူးထူးခြားခြား ကြီးကို ရင်းနှီးနေတယ် ။

ရှန်ရိချောင်လည်း သူတစ်ခုခုမှားနေမှန်း ခံစားမိပုံရတယ် ။ ခဏလောက် တိတ်ဆိတ်သွားပြီးမှ လေသံ ဖျော့ဖျော့နဲ့ ပြောလာတယ် ။

" ထွက်လာခဲ့။ ငါတို့ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်။ "

" ကျွန်တော် တကယ်ဘာမှမလုပ်ထားပါဘူး ။ ကျွန်တော်က အပြစ်ကင်းပါတယ်‌ဗျာ ။ "

ရှန်ရိချောင်က အေးစက်စွာနဲ့ -

" ဪ... "

" ကျွန်တော့် ကို ယုံကြည်ရမယ်! "

" ငါမင်းကို ယုံတယ် ... အဲ့လိုပဲ! "

နောက်ထပ်ဆူဆူညံညံတွေ တိုက်ခိုက်နေရပြီး နောက်ဆုံးတော့ ကျိုးကျားယွီ အားအင် ကုန်ကာ အိပ်ယာပေါ်မှာ ဟောဟဲ လိုက်နေတယ် ။

" မင်းက အိမ်မှာ အမြဲတမ်းနေတဲ့သူပဲလေ ။ ကျွန်တော်တစ်ခုခုလုပ်ထားရင်  မင်းသတိမထားမိပဲ ရှိမလား ။ "

ရှန်ရိချောင်က ဒါကို သိနေလည်း ခွင့်မလွှတ်နိုင်ဆဲပဲ ။ ဒီပြိုင်ပွဲက လေးနှစ်တစ်ကြိမ်မှ ရှိတာ ။ နောက်ဆုံးအကြိမ်က ကျောင်းဇန် သွားရပြီး ဒီနှစ်မှာတော့ မုစီ သွားရမှာ ။ ဒါပေမယ့် မုစီက အဟန့်အတားတစ်ခုဖြစ်သွားပြီး ဒီအချိန်မှာ ပြန်မလာနိုင်ခဲ့ဘူး ။ သူရော ရှန်အာ့ပိုင်ရောပါ ရှန်ရှန်းက သူတို့ထဲက တစ်ယောက်ကို ရွေးချယ်လိမ့်မယ်လို့ သေချာနေခဲ့တာ ။ ဒါပေမယ့် ဘယ်သူမှ မထင်ထားတာက ဘယ်ကနေ ဘယ်လို ကျိုးကျားယွီက ထွက်လာရတာလဲ ။ 

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now