-1/Four-

411 70 1
                                    

နာရီဝက်ကြာတော့ အစားအသောက်တွေပြင်ဆင်ပြီးသွားတယ် ။ လူလေးယောက်အတွက် လုံလောက်တာထက်ပိုတဲ့ စွပ်ပြုတ်တစ်ခွက် နဲ့ ပန်းကန်လုံး လေး‌လုံးကို အလျှံပယ် ထည့်ထားတယ် ။

လူသုံးယောက်က လက်မှာတူကိုတစ်ခါတည်း ကိုင်ထားပြီး ယဉ်ကျေးမှု လုံးလုံးမရှိစွာပဲ ချက်ချင်းယူစားတော့တယ် ။ သူတို့ပုံစံက အချိန်အကြာကြီးငတ်မွတ်လာတဲ့ အာဖရိက ဒုက္ခသည်တွေနဲ့တောင် တူသေးတယ် ။ကျိုးကျားယွီက အကူအညီမဲ့စွာနဲ့ ဒီမြင်ကွင်းကို တိတ်တိတ်လေး ငေးစိုက်ကြည့်နေမိတယ် ။

အဲဒီနောက်တော့ ရှန်ရိချောင်ကို ကျေးဇူးတင်ရမယ် ။ ဟင်းရည်တစ်လုပ်စာတောင်မကျနိပဲ ဒီနေ့လည်စာက ပြီးဆုံးသွားတယ် ။

ကျိုးကျားယွီ သူ့တူကိုတောင်မရွေ့နိုင်တော့ပဲ စိုးရိမ်မှုတွေနဲ့ ကြက်သေသေသွားတယ် ။ သူက ထည့်ထားတာရဲ့ တစ်ဝက်ပဲစားရသေးတယ်လေ။ ရှေ့ကလူ‌သုံးယောက်ကိုကြည့်ပြီး သူကိုယ်တိုင်စားဖို့ မေ့နေခဲ့တာ ။ ပြီးတာနဲ့ မတ်တပ်ရပ်ပြီး သန့်ရှင်းရေးလုပ်ဖို့လုပ်လိုက်တယ် ။ ရှန်ရိချောင်က သူ့ကိုတားကာ-

" ငါ့နံမည်က ရှန်ရိချောင် ၊ သူက ရှန်အာ့ပိုင်အဲဒီတစ်ယောက်ကတော့ ရှန်ကျောင်းစန်း ။  "

သူက ခေါင်းညိတ်ပြရင်း-

" ငါက ကျိုးကျားယွီ ပါ ။ "

" မင်း ဘယ်သူလဲ ငါသိတယ် ။ အခုက စပြီး မင်းဒီမှာနေရတော့မှာ ဖြစ်တဲ့အတွက်ချက်ပြုတ်ဖို့ တာဝန်ယူရလိမ့်မယ် ။ "

ကျိုးကျားယွီက ခေါင်းညိတ်ပြရင်း " ကောင်းပြီ " လို့ပဲပြောနိုင်တယ် ။ တခြားဘာတွေများ ပြောလို့ရမှာမို့လို့လဲ ။

" တတိယထပ် ဘယ်ဘက်မှာ စာကြည့်ခန်းရှိတယ် ။ ဘာအလုပ်မှမရှိရင် အဲဒီထဲ ဝင်ကြည့်လေ့လာလို့ရတယ် ။ ဒါပေမယ့် အထဲက စာအုပ်တွေကိုတော့ ယူသွားလို့မရဘူး ။ "

သူချက်ကျွေးတာကို စားထားတာမို့ ရှန်ရိချောင်ရဲ့ သဘောထားက အရင်ကထက်ပိုကောင်းနေတယ် ။ ရင်းနှီးဖော်ရွေလွန်းတယ်မဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ အချို့အရာတွေနဲ့ပတ်သတ်ပြီး ထပ်ကျော့ပြန်ပြောပေး‌ဖို့ ဆန္ဒရှိလာတယ် ။

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now