-1/Two-

756 82 1
                                    

[ အရင်က ကျိုးကျီယု ဆိုတာကို အခုကစ ကျိုးကျားယွီ လို့ ပြင်ဆင်လိုက်ပါပြီ ။ ]

မျက်စိတစ်မှိတ်အတွင်း လေထုက ကသိကအောက်ဖြစ်လာတယ် ။ စိတ်အာရုံထဲပေါ်လာ‌တဲ့ မသဲမကွဲပုံရိပ်တစ်ခုက အံ့ဩစရာကောင်းလွန်းပေမယ့်လည်း သေချာသွားပါတယ် ။ လိပ်ခွံပေါ်ရပ်နေတဲ့ ငှက်အသေးစားလေးကို မြင်လိုက်ရတယ်လေ ။ ခြေသုံးခြောင်း ရှိပြီး တစ်ကိုယ်လုံး အနက်ရောင်ငှက်မွှေးတွေက ဖုံးလွှမ်းထားတယ် ။ ညာဘက်ခြမ်းမှာရှိနေပြီး ပဲစိသဖွယ် သေးငယ်တောက်ပတဲ့ မျက်ဝန်းနက်တွေနဲ့ ကျိုးကျားယွီကို တစိုက်မတ်မတ်ကြည့်နေတယ် ။

သူတကယ်သေသွားတာလား ၊ မသေသေးတာကမှအမှန်လား အရာအားလုံးခြောက်ခြားစရာတွေကြီးပဲ ဆိုရင်တောင် ဒါက သံသယတွေရဲ့ အစပဲရှိပါသေးတယ် ။ ကျိုးကျားယွီ အခုထိ လက်မခံနိုင်သေးဘူး ။

ကျီပါးလို့ခေါ်တဲ့ ငှက်အသေးလေးက ပါးစပ်ဟလာပြီး ၊

" မင်္ဂလာပါ ၊ ငါမင်းကို အရာအားလုံးရှင်းပြနိုင်ပါတယ် ။ "

ကျိုးကျားယွီ အသံမထွက်ဘူး ။

သူ့ရဲ့ ဆိုင်းငံ့နေပုံအပေါ် ကျီပါးကတော့ သိသိသာသာ အဆင်‌ပြေနေတယ် ။ သူကစကားတွေ ထပ်မပြောတော့ပဲ အဲ့ဒီအစား အတောင်တွေကိုသာ ခိုင်မာစွာ ခတ်နေတယ် ။

ကျိုးကျားယွီရဲ့ အမြင်အာရုံက ပြန်လည်မှောင်ကျသွားပြီး မတူညီတဲ့ပုံရိ‌ပ်တွေ စတင်ပေါ်လာတယ် ။ သူတို့ကိုစစ်ဆေးပြီးနောက် သူ့ခေါင်းထဲ ‌ပုံရိပ်‌များစွာဟာ ရှုပ်ထွေးစွာရောက်လာတယ် ။ သူနောက်ဆုံးတော့ လုံးဝနားမလည်နိုင်တော့ဘူး သူ့ဆီမှာ ဘာတွေဖြစ်ပျက်နေတာလဲ ။

အရင်ကျိုးကျားယွီကသေသွားခဲ့ပြီ ။ ဒါပေမယ့် သူကတော့ မျိုးရိုး နံမည်တူနေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်ရှင်သန်လာတယ် ။ ပြန်ရှင်သန်လာပေမယ့်လည်း ကံမကောင်းစွာပဲ အစိုးရဝန်ထမ်း တစ်ယောက်အဖြစ် မဟုတ်တော့ဘူး၊ သေလုနီးပါး လူလိမ်တစ်ယောက် ဖြစ်နေပြီ ။

သူ့ကိုခေါ်လာတဲ့လူနံမည်က လင်းကျုရွှေ လို့ခေါ်ပြီး ဖုန်းရွှေ လောကမှာ အ‌တော်ဆုံး သူတစ်ဦးပဲ ။ သူ(ကျိုးကျားယွီ)ကတော့ သဘာဝလွန်ကိစ္စတွေမှာ သူ့ပညာတွေနဲ့ အလွဲသုံးစားလုပ်ပြီး အခြားသူတွေကိုလိမ်လည်ဖို့ ကြိုးပမ်းရင်း ကျရှုံးခဲ့သူဖြစ်တယ် ။ ဒါ့အပြင် တားမြစ်ချက်တွေကိုပါ ချိုးဖျက်ခဲ့သေး ။ ဘာပဲဖြစ်ဖြစ်ပါ အကြောင်းပြချက်မသိပဲကို လင်းကျုရွှေက သူ့အသက်ကို ချမ်းသာပေးလို့သာ အခုလို ဆွဲ‌ခေါ်ပြီး တိုက်ပိတ်တာပဲခံလိုက်ရမှန်း သိတယ် ။

My Five Element Lack You (MMtranslation)[Drop]Où les histoires vivent. Découvrez maintenant