-2/One-

281 52 4
                                    

Chapter 2 : ရေချိုးခြင်းနဲ့ ပူလောင်မှု

ကျိုးကျားယွီ တံတွေးမျိုချပြီး စားပွဲဆီ ဖြေးဖြေးချင်းသွားလိုက်တယ် ။

အိတ်ဆောင်နာရီကို စားပွဲပေါ်ချထားပြီး ဖန်မျက်နှာပြင်ကွဲနေကာအစိတ်အပိုင်း တချို့ပျောက်ဆုံးနေပုံက မတော်တဆ‌ပြုတ်ကျတာ‌ကြောင့် ဖြစ်နိုင်တယ် ။ သတ္တုချိန်းတွေ အသစ်အတိုင်းဖြစ်နေခြင်းဟာ မကြာခင်ကမှ လဲထားတာကြောင့် ဖြစ်မယ် ။

နာရီတစ်ခုလုံးကို သေချာကြည့်နေပေမယ့် ထူးဆန်းတာမျိုးကို ရှာမတွေ့ဘူး ။ ကျိုးကျားယွီ ဦးနှောက်ခြောက်မတတ် စဉ်းစားနေတုန်း ကျီပါးက ရုတ်တရပ် သူ့မျက်လုံးထဲဝင်လာတယ်။ သူ့ခြေထောက်အောက်က လိပ်ကို ဆောင့်နင်းလိုက်ပြီး၊ ကျိုးကျားယွီဘာမှမရှိဘူးလို့ထင်ထားတဲ့လိပ်ခွံတွင်းက ခေါင်းတစ်လုံးဟာ ဖြေးညှင်းစွာထွက်ပေါ်လာ....... ချက်ချင်းကြီး သူ့မျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာပုံရိပ်တွေ ပေါ်လာတယ်။

ဒီမဆီလျော်တဲ့ဖြစ်ရပ်ကြီးက တရုတ်ပြည်သူ့သမ္မတ‌ ခေတ်(--1912 မှ 1949 အတွင်း--)မှာ နေထိုင်တဲ့လူတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးပြထားသလိုမျိုးမို့ သူတို့ရဲ့ဖမ်းစားမှုကို ခံလိုက်ရတယ် ။ အဲ့ဒီအရာက အမည်းရောင်အဖြစ် မှေးမှိန်သွားချိန်မှာတော့ ကျိုးကျားယွီ ချွေးအေးတွေထွက်ပြီး သူ့မျက်နှာမှာ ‌ဖြူရောနေတဲ့ အရိပ်အယောင် ဖြစ်လာတယ် ။

[Note - republic in china တဲ့ အထင်တော့ နိုင်ငံရေးမကောင်းခဲ့တဲ့ခေတ်ကို ဆိုလိုချင်တာ ဖြစ်မယ် ။ ]

ရှန်ရိချောင်က ကျိုးကျားယွီစကားမပြောဘဲ ရပ်နေတာကို တွေ့ပြီး ဘာမှ မသိလောက်ဘူးလို့ ထင်လိုက်တယ်။ လူလိမ်တစ်ယောက်ကို ရှန်ရှန်းဘာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ခိုင်းတာလဲဆိုပြီး သူ့ကိုယ်သူ မေးခွန်းထုတ်နေမိတယ် ။ တကယ်တော့ ဒါက သူ့ဘာသာပဲစဉ်းစားရဲတာဖြစ်ပြီး လင်းကျုရွှေကို ဒါတွေအားလုံးတော့ မမေးရဲပါဘူး ။

" မင်း ဘာမြင်လဲ? "

လင်းကျုရွှေရဲ့အသံက မထူးခြားပါဘူး။ ဒါပေမယ့် ကျိုးကျားယွီရဲ့ ရင်သပ်ရှုမောနေတဲ့ အသိစိတ်ကိုတော့ ပြန်ခေါ်ပေးနိုင်တယ် ။

My Five Element Lack You (MMtranslation)[Drop]Where stories live. Discover now