Ep 1

1.8K 62 0
                                    

Unicode
ဖြတ်လျှောက်........ဟုတ်တယ် ငါကဇာတ်လမ်းတွေထဲမှာ ဖြတ်လျှောက်တစ်ယောက်။အခြားသူတွေရဲ့ဇာတ်လမ်းတွေထဲမှာ ငါဟာဒီတိုင်းဖြတ်လျှောက်တစ်ယောက်ပင်မယ့် ငါ့ဇာတ်လမ်းမှာကတော့ ငါကအဓိကဇာတ်ကောင်တစ်ယောက် ဇာတ်ပို့ဇာတ်ရံကအစငါပဲ ကိုယ်တိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ လူတိုင်းက ငါ့ကိုသတိမထားမိကြဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ဇာတ်လမ်းထဲမှာ ခဏတာ ဧည့်သည်တွေတော့ ပါလာတတ်ကြပါတယ်။ လူတွေသူတို့လိုအပ်ချိန်ဆိုရင်တော့ ငါ့ကိုမြင်လာတတ်ကြတယ်။အခုလည်းကြည့် ဒီနေ့သန့်ရှင်းအဖွဲ့မှာ ငါ့ကိုကူညီတောင်းဖို့ကျန်နေတဲ့ နှစ်ယောက်သောသူ အခုသူတို့ငါ့စီလျှောက်လာနေကြပြီ။

"ဟိုလေ...နင့်နာမည်က"

ဒါကြီးကတော့ အတော်ရှက်ဖို့ကောင်းတယ်လို့ယူဆမိတယ်။အကူညီအမြဲတောင်းနေပြီး နာမည်တောင်သေချာမမှတ်နိုင်ရတာလဲ။ ဒါပေမယ့် ဒါတွေကအဆင်ပြေပါတယ်လေ။ ကြုံနေကြအရာတွေဆန်းမှမဆန်းတာ။

"ပန်းယဉ်လှိုင်"

"ဟုတ်သားပဲ ငါတို့နှစ်ယောက် ဒီနေ့လည်းမအားလို့ နင့်ကိုအကူညီတောင်းချင်လို့"

"သန့်ရှင်းရေးမလား ရပါတယ်"

"ကျေးဇူးပါနော် ကျေးဇူး"

ဘာပဲဖြစ်ဖြစ်လေ တစ်ယောက်တည်းလုပ်ရတာပိုအဆင်ပြေတယ်။တခြားသူရှိနေရင် အာရုံနောက်စရာသိပ်ကောင်းတယ်။
အရပ်ရှည်တာကို ဒီနေရာမှာ မုန်းမိတယ်။ ကျောင်းကကျောက်သင်ပုန်းတွေက ဂျပုတွေမမီအောင် မြင့်လွန်းတဲ့အတွက် အမြဲတမ်းဖျက်ပြီးသန့်ရှင်းပေးရတာကတော့ ကိုယ်ပါပဲ။ပြတင်းပေါက်တွေက အလကားနေရင်း အပေါက်ကျယ်လွန်းတယ်လို့ ယူဆမိတယ်။ သန့်ရှင်းရေးလုပ်တိုင်း မ‌ပြုတ်ကြရအောင် ဂရုစိုက်နေရတယ်။

"ဘုန်း"

ငါကံက အဲ့လိုကောင်းတာလေ။ပြတင်းပေါက်ကပြုတ်ကျသွားပင်မယ့် ပထမဆုံးကျေးဇူးတင်မိတာက အခန်းကအောက်အထပ်ဖြစ်နေတာရယ် ဒုတိယအချက်ကတော့ ရှည်လွန်းလှတဲ့ ငါ့ရဲ့ ခြေထောက်တွေက ပြတင်းပေါက်နံရံကို ထိန်းနိုင်တာကြောင့်ရယ်ပဲ "ဘုန်း"ဆိုတဲ့အသံကဝောာ့ ပြတင်းပေါက်နံရံနဲ့ရိုက်ခတ်သံပဲ။ဒီချိန်ကျောင်းမှာလူနည်းတာကြောင့် ဒီဘက်အခြမ်းကိုလည်း ဘယ်သူမှလာဖြစ်မည်မထင်။ခေါင်းကို ကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းချင်းချရအောင် လုပ်ရတော့မယ်။ခြေထောက်ကိုအားပြုပြီး ကိုယ်ကိုမပြီး ထိုင်ဖို့စဉ်းစားမိပင်မယ့် မဖြစ်နိုင်တဲ့လုပ်ရပ်တစ်ခုလို့သာတွေးပြီး ခေါင်းကိုကြမ်းပြင်ပေါ်ကို ‌ချလိုက်တယ်။ပြီးတော့ ငါဘာဆက်လုပ်သင့်လဲလို့တွေးနေမိတယ်။ နံရံကိုထိန်းထားတဲ့ခြေထောက်တွေကို လွှတ်ဖို့လုပ်ပင်မယ့် စိတ်ကြောင့်ပဲလားမသိ လွှတ်မရဖြစ်နေမိတယ်။ တန်းလန်းဖြစ်လျက်သာရှိနေတော့တယ်။လူတစ်ယောက်လာနေတာကြောင့် မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ စိတ်ကတော့ ကျေးဇူးပြု၍မသိချင်ယောင်ဆောင်သွားပါလို့ပဲရေရွတ်နေမိတယ်။ ခဏကြာတော့ မျက်လုံးအသာဖွင့်ပြီး ကြည့်လိုက်တော့ လူရှိနေသေးတာကြောင့် မျက်လုံးကိုအတင်းပြန်ပိတ်လိုက်တယ်။

Rose & Garden Nơi câu chuyện tồn tại. Hãy khám phá bây giờ