Ep 2

672 47 0
                                    

Unicode
ဘယ်သူထင်ထားမှာလဲ။ကိုယ့်လိုပဲ ဖြတ်လျှောက်တစ်ယောက်လို့ထင်ထားတဲ့ကောင်မလေးတစ်ယောက်က လူတွေရဲ့သဘောကျရတဲ့ကျောင်းဂုဏ်ပုဒ်ဆောင်သူလေးဆိုတာကို။အခုသူက လူတိုင်းရဲ့အကြည့်ကိုရယူထားပြီး အရင်ကအပယ်ခံတွေရဲ့နေ့လယ်စာခုံတန်းကိုရောက်နေတဲ့အပြင် ငါ့ရဲ့‌ရှေ့ မှာ သူမဟာ ပန်းတွေကိုဘယ်လိုနှစ်သက်ချစ်ခင်ကြောင်းပြောနေတယ်။လူတွေက ငါ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။သေချာတာကတော့ ငါ့လိုလူမျိုးက ကျောင်းမှာရှိတယ်ဆိုတာကိုလား ဒါမဟုတ် သူမက ငါ့လိုလူမျိုးကို ဘယ်လိုသိရတာလဲဆိုတဲ့ မေးခွန်းတွေနဲ့လား။ ဖြစ်ပုံကဒီလိုပါ ပုံမှန်နေ့ရက်တွေလို ကန်တင်းကကျွေးတဲ့နေ့လယ်စာနဲ့အတူ ကိုယ့်လိုအပယ်ခံတွေထိုင်နေတဲ့ ခုံတန်းမှာ ထိုင်နေပင်မယ့် သူမက ငါ့ကိုတွေ့တွေ့ချင်း မနေ့ကအဆင်ပြေရဲ့လားဆိုပြီးမေးလာတယ်။ ကျောင်းက လူတွေက သူမကိုခင်မင်စွာနှုတ်ဆက်သွားတာကြောင့် သူမဟာငါ့လိုအတူတူပဲဆိုတဲ့ စကားကိုရုတ်သိမ်းမိတယ် ပြီးတော့ လူတွေရဲ့ "နှင်းဆီလို ကျောင်းဂုဏ်ပုဒ်ဆောင်သူကြီးက ဘာလို့ ဒီအပယ်ခံခုံတန်းကိုရောက်ရတာလဲ"ဆိုတဲ့ စကားတွေကြောင့် နှင်းဆီပွင့်ဆိုတဲ့ကောင်မလေးက သူမဘဝတင်မဟုတ် သူများဇာတ်လမ်းတွေထဲမှာပါ နေရာကောင်းရထားတဲ့ ဇာတ်ကောင်တစ်ယောက်ဆိုတာသိလိုက်ရတယ်။ ငါလည်း သိချင်တယ် ဘာလို့ သူမက ဒီခုံတန်းမှာရောက်နေပြီး ငါစိတ်မဝင်စားတဲ့ပန်းတွေအကြောင်းကိုပြောနေရတာလဲလို့ပေါ့။ ငါနားထောင်ချင်လားလို့ရော သူမမေးဖူးရဲ့လား။ ငါကရော သူမကို ပန်းတွေအကြောင်းစိတ်မဝင်စားဘူးဆိုတာပြောဖူးလား ဒါမဟုတ် ငါပြောပြီး ဆက်နားမထောင်ချင်ကြောင်းငြင်းလိုက်သင့်လား။

"ဒါကြောင့် ငါ့နာမည်က နှင်းဆီပွင့်တဲ့ ငါကိုယ်တိုင်ပေးထားတာလေ သုံးနှစ်သမီးအရွယ်လောက်ကပေါ့"

ဒါပေါ့ ရှိပြီးသား နှင်းဆီပန်းကိုအလွယ်တကူ နာမည်ယူပေးထားကတည်းက သုံးနှစ်သမီးအရွယ်ပေးထားတယ်ဆိုတာ အံ့ဩစရာမရှိပါ။

"ဒါနဲ့ နင့်နာမည်လေးကို ငါကြိုက်တယ် ပန်းယဉ်လှိုင်တဲ့ လှလိုက်တာ ပန်းဥယျာဉ်ထဲပန်းတွေသင်းနံ့ကြိုင်လှိုင်နေတာကိုဖွဲ့ပေးထားတာလား"

Rose & Garden Where stories live. Discover now