Ep 14

794 40 1
                                    

Unicode

နောက်တစ်နေ့ရောက်တော့ နေ့လယ်စာစားချိန် ခုံတန်းမှာ ‌နှင်းဆီပွင့်မရှိနေ။အစကမရောက်လာသေးတာလို့ ထင်ပင်မယ့် တခြားတဖက်ဝိုင်းမှာတွေ့လိုက်ရတော့ ဝမ်းနည်းစိတ်ဝင်မိတယ်။ အချိန်တွေကြာသွားတယ်။ နောက်ဆုံးတော့ အထက်တန်းပြီးသွားခဲ့ပြီ။မေရီနဲ့လည်း ကျောင်းပြီးသွားတော့ဒီကြားထဲမတွေ့ဖြစ်ဘူး။ အရင်လိုတစ်ယောက်တည်း ဖြတ်လျှောက်အဖြစ်သာ ဖြတ်သန်းလာရတယ်။အရင်ကနေသားကြနေခဲ့တဲ့ ဖြတ်လျှောက်နေရာကိုပြန်ရလိုက်တော့ ကျင့်သားရဖို့အနည်းငယ်ခက်ခဲပင်မယ့် အဆင်ပြေနေပါတယ်။တက္ကသိုလ်ဆက်တတ်သင့် မတတ်သင့် စဉ်းစားနေမိတယ်။ ငါဖြစ်ချင်ဝာာကဘာလဲဆိုတာလည်းငါမသိဘူး။
ဒီနေ့ကျောင်းနားက ကဖေးကိုရောက်တော့ ထောင့်တစ်နေရာမှာ နှင်းဆီပွင့်နဲ့တူတဲ့ကောင်မလေးတစ်ယောက်ထိုင်နေတာတွေ့တယ်။အင်း နှင်းဆီပွင့်ပဲလေ။ထိုခုံနားကိုသွားတော့ နှင်းဆီပွင့်က ကိုယ့်ကိုမော့ကြည့်လာတယ်။မျက်လုံးတွေကတော့ မှတ်မိနေသေးတယ်ဆိုတဲ့ အရိပ်ယောင်တွေမြင်နေရတယ်။ပြုံးပြလိုက်တော့ ကိုယ့်ကိုပြန်မပြုံးပြလာပေ။

"နှင်းဆီ ငါဒီမှာထိုင်လို့ရမလား"

"ဘာမှမမှာတော့ဘူးလား"

နှင်းဆီပွင့်စီကပြန်ပြောလာတဲ့စကားကြောင့် ပန်းယဉ်လှိုင် သတိရသွားပြီး ရှက်ပြုံးပြုံးကာ ကောင်တာမှာ မုန့်အရင်ဝယ်လိုက်တယ်။ခုံမှာထိုင်လိုက်တော့ ‌နှစ်ယောက်ကြားကလေထုကြီးကအေးစက်တိတ်ဆိတ်နေတယ်။ပန်းယဉ်လှိုင်မေးချင်တာတစ်ခုကတော့ ဘာလို့သူ့ကိုရုတ်တရက်ကြီးအဖတ်မလုပ်တော့တာလဲဆိုတာပဲ။

"နှင်းဆီ"
"ပန်း"

နှစ်ယောက်သားတပြိုင်တည်းထွက်လာတယ်။ပန်းလို့ခေါ်သံကြောင့် ပန်းယဉ်လှိုင်ပြုံးမိတယ်။

"နှင်းဆီ အရင်ပြောလိုက်ပါ"

"ရပါတယ် ပန်းအရင်ပြော"

ဒီလို‌ဦးစားပေးနေတာနဲ့ စကားရှေ့ဆက်မရောက်မှာစိုးတာကြောင့် ပန်းယဉ်လှိုင်ပဲအရင်စပြောတော့မယ်လို့တွေးလိုက်တယ်။

"ဘာမှမဟုတ်ပါဘူး ဘာဆက်တတ်ဖြစ်မှာလဲမေးမလို့"

"တကယ်ရော မေးချင်တဲ့မေးခွန်းဟုတ်ရဲ့လား"

Rose & Garden Tahanan ng mga kuwento. Tumuklas ngayon