Ep 12

360 32 0
                                    

Unicode

ကိုယ့်ကိုမမြင်တဲ့အပြင် ထိုကောင်လေးနဲ့ပျော်ရွှင်စွာပြုံးရယ်နေတဲ့ နှင်းဆီပွင့်ကို ဒေါသထွက်မိတယ်။စိတ်ချပါ ငါသဝန်တိုနေတာတော့မဟုတ်ဘူး။ငါ့သူငယ်ချင်းအဖြစ်လက်ခံထားပင်မယ့် သူစိမ်းလိုပဲခံစားရတာကြောင့် သဝန်တိုတာလုံးဝမဟုတ်ဘူး။ငါဘာလို့ ကိုယ့်ကိုယ်ကိုရှင်းပြနေမိတာလဲ။
နှင်းဆီပွင့်တို့ထိုင်နေတဲ့ ခုံနားရောက်တော့ နှင်းဆီပွင့်က စကားပြောနေရာကနေ ကိုယ့်ကိုကြည့်လာကာ

"ပန်းရောက်လာပြီလား ထိုင်လေ"

လွတ်နေတဲ့ခုံနှစ်ခုံထဲက နှင်းဆီပွင့်နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်တယ်။သူတို့နှစ်ယောက်ကဘာလို့ဘေးချင်းကပ်ထိုင်ပြီး ငါ့ကိုပယ်ထားသလိုခံစားရတာလဲ။နဂိုတည်းကငါက ဖြတ်လျှောက်ပင်မယ့် နှင်းဆီပွင့်နဲ့ဆိုရင် အမြဲတမ်းအဓိကဇာတ်ကောင်တစ်ယောက်လို ခံစားလာရတာ။အခုလို အပယ်ခံနေရတာတော့ စိတ်ထဲမကောင်းသလိုခံစားရတယ်။မဟုတ်တာ ပန်းယဉ်လှိုင် နင့်နေရာနင်ပြန်ရောက်လာတာ နင်ဝမ်းသာသင့်တယ်လေ ဟုတ်တယ်မလား။ဒါပင်မယ့် တကယ်ကို စိတ်တိုစရာပဲ။

"ပန်း.....ပန်း"

"ဟင်"

ကိုယ့်ကို လက်ယက်ခေါ်နေတာကြောင့် အတွေးတွေရပ်သွားမိတယ်။

"ပန်း ဘာတွေထိုင်တွေးနေတာလဲ"

ရှက်ဖို့ကောင်းအောင် သိသိသာသာကြီးကိုထိုင်တွေးနေမိတာလား။

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး"

ပန်းယဉ်လှိုင်စကားကို နှင်းဆီပွင့်က သဘောကျစွာပြုံးလျက်

"ဒါ မြူရိပ်တဲ့ မြူ ဒါကပန်းယဉ်လှိုင်တဲ့"

'မြူ'တဲ့လား နာမည်အဖျားစွတ်ခေါ်တတ်တာနှင်းဆီပွင့်အကျင့်လား။'ပန်း'ဆိုပြီးခေါ်တာက ဒီတိုင်းအကျင့်တစ်ခုပါလား။

"ပန်းအကြောင်း ခဏခဏကြားဖူးတယ်။ နှင်းဆီကပြောလွန်းလို့ တွေ့ဖူးချင်နေတာ"

သူတို့နှစ်ယောက်ကဘာတွေလဲ။ပြီးတော့ မြူရိပ်ဆိုတဲ့ကောင်လေးက ကိုယ့်ကိုပန်းလို့ခေါ်လာတာမကြိုက်ဘူး။

Rose & Garden Where stories live. Discover now