Ep 13

423 35 1
                                    

မေရီဆိုတဲ့တစ်ယောက်က ပန်းရဲ့ဘေးမှာထိုင်နေပြီးစကားတွေပြောကာ တစ်ချက်ချက်ရယ်သလိုလိုနဲ့ ပန်းရဲ့ပုခုံးကိုသူ့ခေါင်းတင်ကာ မှီသေးတယ်။ဘေးက မြူကတော့ ပန်းအပေါ်ကိုယ်ထားတဲ့စိတ်ကိုသိနေတာကြောင့် စိတ်လျော့လို့တော့ မျက်လုံးနဲ့မျက်နှာရိပ်ပြတယ်။

"နင်ဘာလာလုပ်တာလဲ မေရီ"

နှင်းဆီပွင့်က မျက်နှာတည်စွာဖြင့် မေရီကိုမေးလိုက်တော့ မေရီက သဘောမကျစွာပြုံးလာတယ်။ ပန်းယဉ်လှိုင်ကတော့ ထုံးစံအတိုင်းသူမရဲ့အေးစက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လာတယ်။ မြူရိပ်ကတော့ နှင်းဆီပွင့်ကို တားမရလည်း ပွဲကြည့်ရမယ်ဆိုတဲ့ အတွေးနဲ့ ခုံရဲ့ကျောအမှီကို ကျကျနနမှီကာ အခြေနေကိုစောင့်ကြည့်နေမိတယ်။

"ကော်ဖီဆိုင်လာပြီး ဘာလုပ်ရမှာလဲ အားကစားလုပ်ရမှာလား"

မေရီကလည်း ချတော့မလို ဖြေလာတာကြောင့် မြူရိပ်ပိုပြီးစိတ်ဝင်စားသွားကာ ကိတ်ကိုတစ်ဖဲ့ ဖဲ့ကာ ပါးစပ်ထဲကိုထည့်လိုက်တယ်။စိတ်ထဲကနေ နှင်းဆီပွင့်ကို နိုင်အောင်ချချလို့အားပေးကာ ပွဲကိုဆက်ကြည့်နေမိတယ်။

"ပြီးတော့ မေးရအုန်းမယ် ဘာလို့ငါကိုကြတော့ဘာလို့မခေါ်တာလဲ"

မေရီကနှင်းဆီပွင့်ကိုမေးခွန်းထပ်မေးလာတယ်။ပန်းယဉ်လှိုင်ကတော့ မျက်နှာတဖြည်းဖြည်းမဲ့လာတယ်။သူဒီအခြေနေကိုမကြိုက်ဘူး။လူတွေတအားများလွန်းတယ်။

"ငါက ငါ့သူငယ်ချင်းနှစ်ယောက်နဲ့ပဲဒိတ်လုပ်ချင်တာလေ"

"ပန်းယဉ်လှိုင်သူငယ်ချင်းဆို ဒါငါ့သူငယ်ချင်းပဲပေါ့"

ဘယ်သူ့သဘောနဲ့လဲဆိုတဲ့အကြည့်ဖြစ်သာ ကြည့်နေလိုက်တော့ မေရီက နှင်းဆီပွင့်ကို ပုခုံးတွန့်ပြလာတယ်။

"ငါက နင်နဲ့သူငယ်ချင်းမလုပ်ချင်ဘူးဆိုရင်ရော"

"တော်လိုက်ပါတော့လား ရန်စကားမပါဘဲ ဒီတိုင်းလေး အေးဆေးလေး စကားပြောပါလား ဒါမဟုတ်ရင် ငါပြန်တော့မယ်"

စကားဖြတ်ပြောလာတဲ့ ပန်းယဉ်လှိုင်ကြောင့် နှင်းဆီပွင့် အံ့ဩစွာကြည့်မိတယ်။ အခု မေရီဆိုတဲ့သူဘက်ကို ပါလိုက်တာလား။မေရီကတော့ မျက်ခုံးပင့်ကာ ပြုံးပြလာတယ်။နှင်းဆီပွင့် မတ်တပ်ထရပ်လိုက်ပြီး

Rose & Garden Where stories live. Discover now