Ep 7

379 33 0
                                    

Unicode
မနက်ခင်း ကျောင်းမလာခင် ပန်းယဉ်လှိုင်မှာ နှင်းဆီပန်းကိုရေသေချာလောင်းပြီးမှ ‌ကျောင်းကိုလာရတယ်။နှင်းဆီပွင့်ကြောင့် အခုဆိုရင် ပန်းယဉ်လှိုင်မှာ အလုပ်တစ်ခုတိုးလာခဲ့ပြီ။ဒါပေမယ့် မွေးနေ့လက်ဆောင်ပဲယူပြီး ဘာမှမကျွေးရသေးတာကြောင့် ဘာလုပ်သင့်လဲလို့စဉ်းစားမိတယ်။အပြင်မှာချိန်းဖို့ကြတော့လည်း အဲ့လိုဒိတ်ဖို့လောက်ထိမှ မရင်းနှီးသေးတာကြောင့် စဉ်းစားရခက်နေမိတယ်။ဒီတိုင်း လက်ဆောင်ပဲယူဖို့ကြတော့ အားနာမိတယ်။ဒါနဲ့ ငါတောင်နေ့လယ်စာစားတာကုန်တော့မယ်။ဘာလို့ နှင်းဆီပွင့်ရောက်မလာသေးတာလဲ။အိုးမိုင်ဂေါ့ ငါအခု အထီးကျန်နေတာပါလား။ဒီလိုစိတ်မျိုးတစ်ခါမှမဝင်ဘူးပင်မယ့် နှင်းဆီပွင့်ကြောင့် နေ့လယ်စာအချိန်ဆို ကျင့်သားတစ်ခုရနေပြီထင်ပါရဲ့။

"နှင်းဆီပွင့် နှင်းဆီပွင့်"

ပန်းယဉ်လှိုင်တစ်ယောက်တည်းပါးစပ်ကနေရေရွတ်နေမိတယ်။

ရုံးခန်းမှာစာအုပ်သွားထပ်ရတာကြောင့် ကန်တင်းကိုပုံမှန်ထက်နောက်ကျမှရောက်ဖြစ်တယ်။ရုံးခန်းဘက်ကလာရတာကြောင့် အနောက်ဖက်ကနေ ပန်းရှိတဲ့ခုံတန်းကိုသွားတော့ ပန်းစီက နှင်းဆီပွင့်ဆိုတဲ့ခေါ်သံကိုကြားမိတယ်။ပန်းက ငါအနောက်မှာရောက်နေမှန်းဘယ်လိုသိရတာလဲ။

"ပြောပါပန်း"

"ဘုရားတရားသံဃ"

ကိုယ့်ကိုခေါ်တယ်ထင်လို့ထူးလိုက်တဲ့အသံကို လန့်သွားတဲ့ပန်းပုံစံကြောင့်ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်ကာ ထိန်းထားမိတယ်။ပန်းလိုလူစီကထွက်လာတဲ့ ယောင်တဲ့ပုံစံကြောင့် ပိုရယ်ချင်လာမိတယ်။

"ရောက်နေတယ်ဆိုလည်း အသံလေးဘာလေးပေးပါလား"

ထုံးစံအတိုင်းနှင်းဆီပွင့်က ပန်းယဉ်လှိုင်ရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။ပန်းယဉ်လှိူင်ပြောပုံက နှုတ်ခမ်းစူကာ‌စိတ်ဆိုးနေပုံလေးဖြစ်နေတာကြောင့် နှင်းဆီပွင့်ပြုံးလျက်

"နှင်းဆီပွင့်ဆိုတော့ တို့ကိုခေါ်တယ်ထင်လို့ပါပန်းရယ် ဘယ်ထင်ထားမလဲ ပန်းကတို့အကြောင်းကိုတွေးနေတယ်ဆိုတာ"

Rose & Garden Where stories live. Discover now