Ep 5

425 36 0
                                    

Unicode

"နင်က တကယ်ကို စိတ်ပျက်စရာပီကေပဲ"

မေရီရဲ့စကားတွေက ငါ့နှလုံးသားကိုနာကျင်စေရတယ်။

"ငါတို့တွေက သူငယ်ချင်းတွေလေ မေရီ"

ပန်းယဉ်လှိုင်ရဲ့ပါးနှစ်ဖက်ကမျက်ရည်စီးကြောင်းတွေ အရှေ့ကကောင်မလေးကတော့ ဂရုစိုက်ပုံမပေါ်ပါ။

"ဟုတ်တယ် ငါတို့ကသူငယ်ချင်းတွေ ပန်းယဉ်လှိုင် ဒါပေမယ့် အခုက ငါအဲ့လိုမခံစားရဘူး"

"ဘာလို့လဲ ဖွင့်ပြောမိတာကြောင့်လား ငါနင့်ကိုချစ်"

"ကျေးဇူးပြုပြီး အဲ့အကြောင်းကိုထပ်မပြောပါနဲ့"

"အဲ့အကြောင်းကိုမေ့လိုက်ပါတော့ကွာ ငါတို့သူငယ်ချင်းဆက်ဖြစ်နိုင်တာပဲလေ"

"ငါမလုပ်နိုင်ဘူး ငါ့အပေါ်ခံစားချက်ရှိနေတဲ့လူနဲ့ သူငယ်ချင်းမလုပ်နိုင်ဘူး"
...............
တကယ်ကိုစိတ်ပျက်စရာအတိတ်ပဲ။ဘာလို့ ငါ့ဦးနှောက်ထဲ ဒါကိုပြန်တွေးနေမိရတာလဲ။ငါ့ဘဝမှာ နောင်တအရဆုံးကိုပြရမယ်ဆိုရင် မေရီဆိုတဲ့‌ ကောင်မလေးကိုချစ်မိတာပဲ။ငါ့ဘဝမှာ သူမကငါရဲ့ပထမဆုံးသောသူငယ်ချင်းဖြစ်ခဲ့သလို အချစ်ဦးဆိုလည်းမမှားပါ။ပထမဆုံးအချစ်မှာတင်နာကျင်မှုကိုရလိုက်ကတည်းက ငါအချစ်ဆိုတဲ့အရာကိုမုန်းသွားခဲ့တယ်။သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကိုတောင် ဆက်လက်မတွဲနိုင်ကတည်းက သူငယ်ချင်းဆိုတဲ့ကြိုးဟာ အစကတည်းက မရှိခဲ့မှန်းသိလိုက်ရတယ်။လူတိုင်းက အထီးမကျန်ချင်လို့ တစ်ယောက်ကိုတစ်ယောက်လက်မလွတ်နိုင်ကြရုံပဲ။ခင်တာ ချစ်တာ သံယောဇဉ်ဆိုတာတွေက ကြားမှာဘယ်တော့မှမရှိလာကြဘူး။အ‌တွေးတွေတွေးနေတုန်း အခု ငါထိုင်နေတဲ့ အပယ်ခံခုံတန်းစီကို နှင်းဆီပွင့် တစ်ယောက် ငါ့ကိုပြုံးပြကာ လျှောက်လှမ်းလာတာကိုမြင်ရတယ်။သူမလက်မှာလည်း နှင်းဆီပန်းအိုးအသေးတစ်ခု။သူမကတော့ တကယ်ကိုလူထူးဆန်းပဲ။နှင်းဆီပွင့်တဲ့။ငါမေရီကို ချစ်တယ်လို့ဖွင့်ပြောတုန်းက နှင်းဆီပွင့်တစ်ပွင့်နဲ့အတူပေါ့။အခုတော့ ငါလုပ်ခဲ့တဲ့အရာတွေကို ရှက်ပြီးနောင်တရတယ်ဆိုတာပဲ။ဒါနဲ့ ငါသာသူမကို တကယ်ချစ်ခဲ့ရင် နောင်တဆိုတာက ဖြစ်လာပေါ့မလား။လူတစ်ယောက်ကို ချစ်မိခဲ့တယ်ဆိုတာ နောင်တရစရာတစ်ခုရောဟုတ်ရဲ့လား။

Rose & Garden Where stories live. Discover now