နီလာတစ်ယောက်အလုပ်ကိစ္စနှင့်
ရန်ကုန်ကိုရောက်လာသည်။မနေ့ညနေကကားစီးမနက်ရန်ကုန်ရောက်တော့တစ်ဦးတည်းယောင်ချာချာဖြစ်
နေတော့ငယ်သူငယ်ချင်းဖြစ်တဲ့
ဂျော့ကိုသတိရလိုက်သည်။ဂျော့ဆိုတာကငယ်ငယ်ကတည်းကအတူ
စားအတူကစားနေခဲ့တဲ့အကောင်
တရပ်ကွက်လုံးမှာမိန်းကလေးတွေ
ချည်းမွေးထားကြတဲ့ကြားကသူ
တစ်ယောက်တည်းပဲယောက်ျား
လေးပါတော့သူငယ်ချင်းအားလုံးရဲ့ကစားဖော်ယောက်ျားလေး။မိသားစုထဲမှာသားအကြီးမြေးအကြီးဝိုင်း
ချစ်ကြတဲ့အကောင်၊ရပ်ကွက်ကလဲ
ချစ်ကြတယ်။တမျိုးလုံးသည်းသည်းလှုပ်တော့မုန်းဖို့ကောင်းပေမယ့်
လူကလူဆိုးတော့မဖြစ်ဘူး။ခင်စရာ
အရမ်းကောင်းတယ်။ဒီကောင်ကို
ခေါ်ပြီးနှိပ်စက်မယ်တွေးကာဖုန်း
ဆက်လိုက်တယ်။
မနက်အလုပ်သွားခါနီးဖုန်းဝင်လာ
တော့ကျနော်မသိတဲ့နံပါတ်တစ်ခုပါ
ပဲ။ဒါပေမယ့်ကျနော်ကိုင်ပြီးထူး
လိုက်တယ်။
“ဟလို”
“ဟဲ့ ငဂျာ့ငါပါ၊နီလာလေ”
“အေး မခေါ်စဖူးအခေါ်ထူးလို့ဘာ
များလဲလင်ရလို့ဖိတ်စာပေးပို့မလို့
လား”
“လဖွတ် ဒါပဲခုလုတ်တိုက်နေတာပဲ၊
လင်မယူတော့ဘူး၊မိန်းမပဲယူတော့
မယ်”
“မိုက်တယ်နင့်ကိုယူရင်နောက်တစ်
ယောက်ပါထပ်ရမယ်”
“မသာ ဒါပဲစဉ်းစားနေတာပဲ”
“ဟားးး၊ကဲပြော”
“ငါရန်ကုန်ရောက်နေတယ်ဟ”
“ဟုတ်လား၊ဘယ်မှာတည်းလဲ”
“ဟိုတယ်မှာပေါ့ဟယ်”
“ရန်ကုန်ရောက်တာများငါ့အိမ်မ