သူငယ်ချင်းညီမ

11K 24 1
                                    


ကျွန်တော့်နာမည်က စည်သူ။ ကျွန်တော် ငယ်ငယ်ထဲက အရမ်းခင်တဲ့ကောင်တစ်ကောင်ရှိတယ်။ ခင်ဗျားတို့မှာလည်းရှိမှာပဲ။ ဒီကောင့်ကို အကုန်လုံးက လေအိုးလို့ခေါ်ကြတာ။ လေအရမ်းပေါတဲ့ကောင်။ နာမည်အရင်းက ထွဋ်ခေါင်ဆိုပဲ။ အဲ့နာမည် ဘယ်သူမှမခေါ်ပေါင်ဗျာ။

လေအိုးနဲ့ ကျွန်တော်နဲ့စသိတော့ ၃တန်းဗျ။ ကလေးဘ၀ ကျောင်းမှာ ဘောလုံးကန်ရင်း သိတာ။ ငယ်ငယ်ထဲက ကျွန်တော်က လူလည်ကျတာ။ ဒီကောင်တွေအမြဲ ရှေ့တန်းတို့နောက်တန်းတို့လုနေရင် ဂိုးဖမ်းရင် ကျွန်တော်ပဲ။ လေအိုးက ရှေ့တန်းတိုက်စစ်မှုးကြီး အသေဖြစ်ချင်တာ။

အဲ့နေ့က ရှေ့တန်း သူသွားမယ် ငါသွားမယ်လုနေတုန်း။ ကျွန်တော်က လေအိုးကို ရှေ့တန်းပေးဖို့ ပြိုင်ငြင်းပေးလိုက်တာ လေအိုးရှေ့တန်းဖြစ်ကော။ မဖြစ်လည်းမရဘူးလေ။ ဂိုးသမားမရှိရင် ဘောလုံးကန်မရဘူးမလား။ ဂိုးဖမ်းမယ့်သူက ခပ်ရှားရှားရယ်။ ဒီလိုနဲ့ ကျောင်းဆင်းတော့ လေအိုးက ကျနော့်ကို မုန့်ဝယ်ကျွေးတယ်။ သူ့ဖက် ဝင်ငြင်းပေးလို့ပေါ့။ အဲ့ထဲက ခင်လာခဲ့တာ အသက်၃၀ကျော် ကိုယ်စီအလုပ်တွေအကိုင်တွေနဲ့ အိမ်ထောင်ကျတဲ့အထိပဲ။

ကျွန်တော်တို့ အိမ်ထောင်ကျတော့လည်း ရှေ့ဆင့်နောက်ဆင့်။ ဒီကောင်က ၁၁လပိုင်း။ ကျွန်တော်က ၁၂လပိုင်း။ ကျွန်တေ်ာတို့မိန်းမတွေလည်းနောက်တော့ ခင်သွားကြတာပဲ။ လေအိုးနဲ့ ကျွန်တော်က အရမ်းခင်တာကိုး။ တတွဲတွဲနဲ့နေကြတာ ခုခေတ်ဆို swing တယ်လို့တောင်ထင်ကြမှာ။ တစ်ယောက်ငွေလို တစ်ယောက်ချေး၊ တစ်ယောက် စီးပွားရေး တစ်ယောက်ကူညီနဲ့ အပြန်အလှန်ပေါ့။

ဖြစ်ချင်တော့ ကျွန်တော်တို့သူငယ်ချင်းတွေကြားဝင်လာတာက ကျွန်တော်တို့မိန်းမတွေမဟုတ်ဘူး။ လေအိုးညီမ ပေါက်စ။ ဟုတ်တယ်။ သူ့နာမည်ကိုက ပေါက်စ။ ကျွန်တော်တို့ထက်အသက် ၁၀နှစ်လောက်ကွာတယ်။လေအိုးကော ကျွန်တော်ကောသူ့ကို ပေါက်စလို့ပဲခေါ်တာ။

ချွဲတာကလည်း ၂ကောင်လုံးကို အသေချွဲတာ။ ဆိုးလည်းဆိုးတယ်နိုင်လည်းနိုင်တယ်။ အလိုလိုက်တာဆိုလို့ ကျွန်တော်တို့၂ကောင်ပဲရှိတာကိုး။ လေအိုးတို့အိမ်က အရမ်းတင်းကြပ်တာ။ ဇာတ်လမ်းဖြစ်တာက သင်္ကြန်တွင်းကြီးဖြစ်တာ။

အောစာအုပ်များWhere stories live. Discover now