1

1.6K 49 1
                                    

[Unicode]
2008ခုနှစ်

"သခင်ကြီး သခင်ကြီး!!!"

ကြီးမားပြီးခန့်ညားထည်ဝါသည့် Jeonစံအိမ်တော်ကြီးတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကား Jeonစံအိမ်တော်မှ အစေခံလေးတစ်ယောက်ပင်...

အစေခံလေးလဲ Jeonသခင်ကြီး၏စာဖတ်ခန်းထဲသို့ဝင်ခွင့်တောင်းကာ

"သခင်ကြီး...သခင်လေးပျောက်နေ..."

"သူရှိတဲ့နေရာငါသိတယ် စိတ်ပူမနေနဲ့...ကိုယ်လုပ်စရာရှိတာလုပ်တော့"

ထိုင်ခုံပေါ်တွင်သတင်းစာဖတ်ကာ ကျကျနနထိုင်နေသော Jeonသခင်ကြီး၏စကားသံကိုကြားတော့ အိမ်စေကောင်မလေးလဲ ဘာမှဆက်မပြောတော့ပဲ အခန်းထဲကထွက်သွားသည်။

သူ့ရဲ့သခင်လေးကတော့...

∆∆∆

မြေအောက်ခန်းဟုထင်ရသော အခန်းတစ်ခန်းအတွင်း၌ ယုန်တစ်ကောင်နှင့်ကစားနေသောကောင်လေးတစ်ယောက်...

ကစားတာမဟုတ်ပဲ သတ်ဖို့လုပ်နေတာဆိုပိုမှန်လိမ့်မည်။

ရုတ်တရက်ကောင်လေးက ထိုယုန်၏လည်ပင်းအား ဒုတ်အချွန်တစ်ခုဖြင့်ဆွဲထိုးလိုက်ရာ ယုန်၏သွေးစက်များက ကောင်လေး၏မျက်နှာအားလာစင်သည်။

သို့သော်ကောင်လေးက ထိုအရာကိုသူလုပ်တာမဟုတ်သည့်အတိုင်း ကြောင်ကြည့်နေလေသည်။

~ဂျောက်~(တံခါးဖွင့်သံ)

"ဒယ်ဒီ...!!"

"ငါ့သားအဆင်ပြေရဲ့လား...ယုန်လေးရော"

ထိုအခါကောင်လေးက သူ့လက်ထဲက ယုန်အသေကောင်ကိုပြလိုက်သည်။

"ဝမ်းနည်းစရာပဲ... ဒယ်ဒီက သားနဲ့အဖော်ဖြစ်အောင်လို့ ဝယ်လာပေးတာကို...ပြီးတော့ သူကသားနဲ့လည်းတူတယ်လေ"

"သားက တိရစ္ဆာန်လိုချင်တာမှမဟုတ်တာ...သူတို့ကပျင်းဖို့ကောင်းတယ်"

ကောင်လေးရဲ့စကားကြောင့် သူ့ဒယ်ဒီလဲသက်ပြင်းချမိသည်။

"ဟင်း!...သားရယ်"

"ဘာလို့လဲ ဟင်...ဒယ်ဒီ"

Jeonသခင်ကြီးလဲ ဆယ်ကျော်သက်အရွယ်သားဖြစ်သူရဲ့ psychopathရောဂါကို ဘယ်လိုကုသရမလဲလုံးဝမသိတော့ပေ။ ဒီကလေးရဲ့ရောဂါက သူ့အမေဆုံးသွားကတည်းကစလာခြင်းဖြစ်သည်။
တစ်ခါတစ်လေအကောင်းပကတိ။ ဒါပေမဲ့သူစိတ်လွတ်သွားချိန်ဆို တစ်ခုခုကိုပြဿနာရှာလိုက်ရမှ...မဟုတ်လဲ တစ်ခုခုကို သွေးထွက်သံယိုလုပ်လိုက်ရမှ။ရောဂါရဲ့အဓိက ဇစ်မြစ်ကိုရှာဖွေလို့မရချေ။

JEON TAE is mine (Completed) Where stories live. Discover now