12

400 15 0
                                    


[Unicode]

~ကလောင် ~ကလောင်~ ကလောင်~

လူဝင်လာတာကြောင့် ဆိုင်တံခါးပေါ်က ခေါင်းလောင်းလေးကထပ်မံမြည်၍

"Jiminie ! ငါရောက်ပြီ"

"အင်း!!...ရောက်ရင် ငါ့ကိုဒီမုန့်ဗန်းလေကူချပေးပါလား Taehyung ahh..."

Jimin က မုန့်ဗန်းတွေကို ဖိုထဲက ထုတ်လာပြီး မနိုင်မနင်းနဲ့ မ လာသည်။ မျက်နှာကလဲ ဂျောင်ထဲကနေ တိုးထွက်လာတာကျနေတာပဲ။ ဆံပင်တွေက ကြွက်စုတ်ကေလိုဖြစ်လို့။ အဲ့တာကို Taehyungကမြင်တော့ ရီလိုက်တာ ခွက်ထိုးခွက်လန်။

"ဟိုကောင် ဘာရီနေတာလဲ။ လာပါ ဒါလေးဝိုင်းကူလုပ်ပေးလို့"

"မင်းပုံစံကြီးကရီရနေလို့ပါကွ..."

Taehyungက Jiminကိုင်ထားတဲ့ မုန့်ဗန်းတွေကိုယူလိုက်ရင်းဆိုလိုက်သည်။

"ဟင်... ငါက ဘာဖြစ်နေလို့လဲ"

"ဘာဖြစ်နေရမှာလဲ...ကိုယ့်ရုပ်ကိုယ်မှန်ထဲပြန်ကြည့်လိုက်အုံး။ ပေစုတ်စုတ်နဲ့"

အဲ့တော့မှ Jiminတစ်ယောက်ရှက်ကိုးရှက်ကန်းဖြင့်

"ဟီးဟီး အမှန်တော့ မနေ့ကငါအိမ်မပြန်ဘူး။ ဆိုင်မှာပဲတစ်ညလုံးနေနေတာ။ အဲ့တာကြောင့်မို့ ရေအခုထိမချိုးရသေးဘူး"

"ဟာ...ညစ်ပတ်ချက်က လက်လန်တယ်။ အဲ့တာကြောင့်မို့ ငါဆိုင်ထဲဝင်ဝင်ချင်း အနံ့အသက်ကမကောင်းတာကိုးး"

"ယောက်မနဲ့ပြေးထုလိုက်လို့ အနံ့အသက်မကောင်းဘူးဖြစ်သွားမယ်။ ဒီမှာ ငါက ရေမချိုးလဲမွှေးပြီးသား..."

"အေးပါ...ဒါတွေက ဒီမှာချရမှာမလား"

Taehyungက cakeတွေတင်တဲ့ စင်ပေါ်ကိုမေးငေါ့ပြပြီးမေးလိုက်တော့

"အေး!"

~ကလောင်~ကလောင်~ကလောင်~

ဆိုင်ထဲဝင်လာတဲ့လူတစ်ယောက်ကြောင့် jiminမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ သူ့မှာပြာပြာသလဲလဲ။ အဲ့တာကို Taehyungကသတိထားမိသွားတော့...

"ဟျောင့် jiminဘာဖြစ်နေတာလဲ"

"ငါ့အနံ့ကတော်တော်ဆိုးနေလား။ ငါ့ပုံစံကောဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား?"

JEON TAE is mine (Completed) Where stories live. Discover now