8

509 25 0
                                    


[Unicode]

Jungkookတစ်ယောက် Dynamite restaurantတွင် ကျောင်းသွားခါနီး Lee HaeYoonဆိုသည့် အမျိုးသမီးကို banana milkသောက်ရင်းစောင့်နေသည်။စားသောက်ဆိုင်ရောက်နေပေမဲ့ မှာမနေတော့ပေ။လက်စွဲတော် banana milkကိုသာသောက်လိုက်တော့သည်။

ခနနေတော့ ဖင်ကော့ရင်ကော့နဲ့လျှောက်လာပြီး၁နှစ်သားအရွယ်လောက်ဝတ်တဲ့အဝတ်အရွယ်အစားကို ခန္ဓာကိုယ်အားကပ်သတ်စွာဝတ်လာသည့်အမျိုးသမီးက သူထိုင်နေသည့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လာတာကြောင့် Lee HaeYoonဆိုတဲ့မိန်းမမှန်းတန်းသိလိုက်သည်။

"တို့က Lee HaeYoonပါ"

သူမက သူမရဲ့နေကာမျက်မှန်ကိုချွတ်ရင်းဆိုလိုက်သည်။

"ခင်ဗျားမှာ အင်္ကျီမရှိတော့ဘူးလား...ကလေးအင်္ကျီကောက်ဝတ်လာတယ်"

Lee HaeYoonတစ်ယောက်သူမရဲ့ဖက်ရှင်ကိုလာစော်ကားနေသလိုဖြစ်တာကြောင့်တင်းသွားပေမဲ့ ဘာမှတော့ပြန်မပြောပေ...

"မင်းကိုကြည့်ရတာတော့...Taehyungကိုသဘောကျနေပုံပဲ"

"ခင်ဗျားသိရင်လဲ ကျနော့်ကိုဦးစားပေးတဲ့အနေနဲ့ ခင်ဗျားနောက်ဆုတ်ပေးလေ"

"ဟက်!...အဲ့တာမင်းလုပ်ရမဲ့ကိစ္စထင်တယ်...ပြီးတော့မင်းက ကလေးပဲရှိပါသေးတယ်"

အလုပ်ရှိအကိုင်ရှိတွေက တက္ကသိုလ်ကျောင်းသားအရွယ်တွေကို အခုထိကလေးလို့ထင်နေတုံးလား...

"အဲ့တော့ ကျနော်က နောက်ဆုတ်ပေးရမယ်ပေါ့"

"ဒါပေါ့...မင်းကသဘောပေါက်လွယ်သားပဲ"

"ခင်ဗျား အခါ၁၀၀၀လဲသေရင်တောင် ဖြစ်လာမှာမဟုတ်ဘူး"

အချိန်တော်တော်ကြာကြာ Jungkookနဲ့ HaeYoonအကြည့်ချင်းတိုက်ပွဲဆင်နွှဲနေခဲ့ကြသည်။ကြာလာတော့ Lee HaeYoonက Jungkookရဲ့အကြည့်စူးစူးတွေကို ရင်မဆိုင်နိုင်တော့ပေ။

"မင်းကိုဉာဏ်ကောင်းတဲ့လူလို့ထင်ခဲ့တာ...ဘယ်ဟုတ်မလဲ...မင်းက တုံးအ လွန်းတယ်"

"အဲ့တာ ကျနော့်စောက်ကြောင်းလေ...ခင်ဗျားစောက်ပူပါမယ်မထင်ဘူး!"

"တို့ကတော့...ပြောစရာရှိတာပြောပြီးပြီ...နောက်ဆုတ်ပေးဖို့က မင်းတာဝန်...မဟုတ်ရင် တို့အဆိုးမဆိုနဲ့"

JEON TAE is mine (Completed) Where stories live. Discover now