11

447 18 0
                                    


[Unicode]

"သမီး"

ဒေါက်ဖိနပ်ကြီးကိုတဂွပ်ဂွပ်မြည်အောင်လျှောက်ပြီးအပြင်သွားဖို့လုပ်နေသော Lee HaeYoonအားသူ့အဖေကခေါ်လိုက်ခြင်း။

"ပြော! အဖေ.."

Sofaပေါ်မှာထိုင်ပြီးသတင်းစာဖတ်နေတဲ့ Mr. Leeကိုပြန်ထူးလိုက်သည်။

"အခု ဘယ်သွားမလို့လဲ?"

"Companyသွားမလို့"

"ဒီနေ့ companyပိတ်ရက်လေ သမီးရဲ့"

ထိုအခါ HaeYoonတစ်ယောက် ကျစ်တစ်ချက်သက်လိုက်ပြီး

"Kim Taehyungနဲ့သွားတွေ့မလို့...ရပြီလား"

ထိုသို့ပြောပြီးလှည့်ထွက်မည်အလုပ်...

"သမီး Kim Taehyungကိုလက်လျှော့လိုက်ပါတော့...မဖြစ်နိုင်တာတွေကိုမမျှော်မှန်းနဲ့တော့ပါလား"

Mr. Leeကပြောနေပေမဲ့ Lee HaeYoonကတော့ အဖေစကားကိုဆုံးအောင်တောင်နားမထောင်ပဲထွက်သွားချေပြီ။

"ဒီသမီးတစ်ယောက်နဲ့တော့ဘယ်လိုလုပ်ရပါ့မလဲ"

∆∆∆

Taeတစ်ယောက်ချိန်းထားတဲ့ Coffeeဆိုင်လေးမှာအမ HaeYoonကိုစောင့်နေသည်။ ဒါကို Jungkookသိသွားရင် သူ့ကိုပြောလိုက်မဲ့ဖြစ်ခြင်း။ ဘယ်လိုပဲပြောပြော စေ့စပ်ပွဲပျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်အချင်းချင်းတွေ့ပြီးမပြောရသေးပေ။ ကိုယ့်ကြောင့်ပျက်သွားတဲ့ပွဲဆိုတော့ တစ်ဖက်ကမိန်းကလေးဖြစ်တဲ့အတွက်တောင်းပန်သင့်သည်။ အမ HaeYoonကလဲတွေ့ချင်တယ်ဆိုတာနဲ့လက်ခံလိုက်တာ။ ပြောရင်းဆိုရင်း အမ HaeYoonရောက်လာပြီ။ ထင်တဲ့အတိုင်း အင်္ကျီကိုယ်ကျပ်၊ ဒေါက်ဖိနပ်ခပ်မြင့်မြင့်၊မျက်နှာကြောတင်းတင်းဖြင့်။

"တို့ကို စောင့်ရတာကြာသွားလား"

"သိပ်တော့ မကြာသေးပါဘူး"

"လာရင်းကိစ္စကိုပဲပြောကြရအောင်"

"စေ့စပ်ပွဲအတွက် ကျနော် အမ HaeYoonကိုအနူးအညွန့်တောင်းပန်ပါတယ်။"

ထိုအခါ Lee HaeYoonက

"ဟက်...တို့ကြားချင်တာ မင်းဆီက တောင်းပန်တယ်ဆိုတဲ့စကားမဟုတ်ဘူး"

JEON TAE is mine (Completed) Where stories live. Discover now