Final

740 26 1
                                    


[Unicode]

Jeonစံအိမ်တော်ရဲ့ သားနှစ်ယောက် လက်ထပ်ပွဲမို့ စံအိမ်တော်ရဲ့ ခြံထဲတွင် လူကုန်ထံအထက်တန်းစား အမျိုးအစားစုံလင်သော လူများစွာရောက်ရှိနေသည်။

သတို့သားနှစ်ယောက်ကတော့ အခုထိ အိမ်တော်ထဲတွင်ပြင်လို့ဆင်လို့မပြီးသေးပေ။

"သားရေ...ပြင်လို့ မပြီးသေးဘူးလားကွယ်။ မိန်းကလေးလဲမဟုတ်ပဲနဲ့...Jungkookလေးတောင် အောက်ထပ်မှာသားကိုစောင့်နေပြီ"

Taehyungရဲ့မေမေဟာ Taehyung အခန်းထဲသို့ဝင်လာပြီး ပြောလာသည်။

"မပြီးသေးတာ မဟုတ်ပါဘူးမေမေရယ်... သားစိတ်လှုပ်ရှားနေလို့ပါ။ ဒီမင်္ဂလာပွဲကို ရောက်ဖို့ သားတော်တော်ဖြတ်ကျော်ခဲ့ရတာ အဲ့တာတွေတွေးကြည့်ပြီး စိတ်လှုပ်ရှားပြီး ရင်လဲတော်တော်ခုန်နေတာ..."

အမေဖြစ်သူက ပြုံးလိုက်ကာ

"ဟောကွယ်...ငါ့သားလေးက အိမ်ထောင်ရှင်ကြီး ဖြစ်တော့မှာဆိုတော့ ရင်တွေခုန်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် မေမေကတော့ပျော်တယ်။ ဘာလို့လဲဆို မေမေ့သားလေးက အရင်တုံးကလို မေမေပေါ်ဆိုးလို့မရတော့ဘူးလေ အုပ်ထိန်းသူရှိလာပြီဆိုတော့..."

"ဟာ...မေမေကလဲ!"

Taehyungတစ်ယောက် စကားပြောနေရင်း ရုတ်တရက်အတွေးတစ်ခုဝင်လာတာကြောင့်...

"မေမေ... အမ HaeYoonက အဆင်ပြေမှာပါနော်..."

Taehyungတစ်ယောက် ပြန်ပေးဆွဲခဲ့တဲ့ကိစ္စကို စိတ်နာမိပေမဲ့ အမ HaeYoonကို သနားမိသလိုပါပဲ။

"အော် သားရယ်... ဒါက သူ့ထိုက်နဲ့သူ့ကံပဲ ။ အခုသူရောက်နေတဲ့ နေရာက သူနဲ့ထိုက်တန်ပါတယ်။ သူ့အပြစ်တွေဆပ်ရမှာပေါ့။ သားစိတ်မပူပါနဲ့ သူအဆင်ပြေမှာပါ"

"ဟုတ်မှာပါလေ..."

Kim Taeလဲ အမေဖြစ်သူလာခေါ်တာကြောင့် ခြံထဲကိုဆင်းလာခဲ့လိုက်သည်။ ခြံထဲရောက်တော့ လူအုပ်ကြားထဲကနေ ပထမဆုံးမြင်လိုက်ရတာက Jungkookကိုပင်။ သူ့ချစ်သူက ချစ်ဖို့ကောင်းလိုက်တာ... White groom suitလေးနဲ့ Jungkookက Taehyungကိုလှန်းပြုံးပြနေသည်။

JEON TAE is mine (Completed) Where stories live. Discover now