5

530 25 0
                                    

[Unicode]

Jungkookအခု သူရောက်နေတာက bar...။သူငယ်ချင်းတွေနဲ့ချိန်းထားတယ်ဆိုတအခွံသက်သက်သာ။
သူ့မှာ ပိတ်ရက်တွေဆို လာစရာနေရာက bar တစ်ခုသာရှိသည်။

သူ့ဘေးတွင် သူ၏သူငယ်ချင်း Adam။
Adamဆိုသည်မှာ jungkookရဲ့အခင်ရဆုံးသူငယ်ချင်း တစ်နည်းပြောရရင် jungkookရဲ့ဆိုးပေတေမှန်သမျှကို မငြီးမငြူပဲ ခံနိုင်သူ၊ jungkookကိုအနားလည်ပေးနိုင်ဆုံးသူပင်။
Adamက ပြင်သစ်-ကိုရီးယား ကပြားဖြစ်သည်။ဖခင်ဖြစ်သူက ပြင်သစ်ဖြစ်တာမို့ သွေးကဥရောပသွေးရောသည်။မိခင်ကတော့ကိုရီးယားသူပင်။ငယ်ငယ်ကတည်းက မိခင်ကိုတွယ်တာ တာကြောင့် ဖခင်နှင့်အတူမနေပဲ မိခင်ရဲ့မွေးရပ်မြေဖြစ်သော ကိုရီးယားမှာသာလာနေသည်။
အလယ်တန်းစတက်ကတည်းက Jungkookနှင့်ဆုံသည်မို့ သူတို့နှစ်ယောက်က ငယ်ပေါင်းတွေလိုဖြစ်နေသည်။ယခုပဲ တက္ကသိုလ်တက်နေကြပြီမဟုတ်လား။

အခုလဲ Jungkookက barကိုခနလာခဲ့ပါဆိုလို့ စောစောစီးစီး barကိုရောက်လာရသည်။

"ဟျောင်!...သားရီး။ Jungkook မနက်ကြီးကိုbarမှာချိန်းတယ်!!"

ထိုအခါ အရက်ခွက်ကိုကိုင်ကာ မသောက်ပဲနဲ့ တို့စိတို့စိလုပ်နေသော Jungkookက...

"အဲ့တော့ မင်းက မကြိုက်ဘူးလား..."

အမှန်ပင်...Adamတစ်ယောက် သူ့ကိုမနက်အစောကြီး barကိုချိန်းတာမို့မကြိုက်ဘူးမထင်လိုက်ပါနှင့်...သူကပိုတောင်ကြိုက်သေးသည်။အရင်ကဆို သူကအရင် Jungkookကိုချိန်းနေကြပင်။

"မင်းမှာ ဘာပြဿနာရှိနေလို့လဲ"

Adamကမေးလိုက်ချင်းပင်။

"ငါသဘောကျနေတဲ့လူက...ငါ့ကိုလက်မခံဘူးဖြစ်နေတယ်"

Jungkookရဲ့ ပြောစကားကြောင့် Adamတစ်ယောက် တစ်အံ့တစ်သြဖြင့်...

"အံမယ်...ငါတို့ Jungkookမှာ သဘောကျတဲ့လူတွေဘာတွေရှိလို့ပါလား..."

"ငါနောက်နေတာမဟုတ်ဘူး...Adam...အတည်ပြောနေတာ"

Adamလဲတစ်ချက်ပြုံးလိုက်ကာ...

"ဟက်!...ဘယ်က ကောင်မလေးမို့လို့လဲ?"

ထိုအခါ Jungkookက လေးပင်စွာ...

JEON TAE is mine (Completed) Where stories live. Discover now