2

742 36 1
                                    


[Unicode]

On Sunday

Jeon သခင်ကြီးက မင်္ဂလာပွဲအခမ်းအနားလုပ်မနေတော့ပဲ တရားရုံးမှာလက်မှတ်သာထိုးပြီး သူ့အမျိုးသမီးနဲ့ Taehyungကို Jeonစံအိမ်တော်သို့ခေါ်လာခဲ့လိုက်သည်။

"အိမ်တော်ထိန်း Choi ...အထုပ်အပိုးတွေကိုအခန်းထဲသယ်သွားပေးပါ "

အိမ်ကြီးအားငေးနေသော Taehyungအား Jeon သခင်ကြီးက

"Taehyung သား!...။သားအခန်းက အပေါ်ထပ်မှာ "

"ဗျာ!"

"အာ...sorry အိမ်တော်ထိန်း Choi Taehyungလေးကိုအခန်းအရင်ပြလိုက်အုံး ပြီးမှအထုပ်အပိုးတွေသယ်သွားချေ။"

ထိုအခါအိမ်တော်ထိန်းကြီးလဲ

"ဟုတ်ကဲ့ သခင်ကြီး"

"နေပါစေ အခန်းပဲလိုက်ပြပါ...အထုပ်တွေက ကျနော့်ဘာသာကိုဆွဲလိုက်ပါ့မယ်"

Taehyungကအထုပ်တွေကို ကိုယ်တိုင်သယ်မည်ဟုပြောသောကြောင့် အိမ်တော်ထိန်းကြီးလဲ အခန်းပြရန်သာ ခေါ်သွားသည်။

အဲ့တော့မှ Taehyungအမေက...

"ဟို...အကို...ညီမလေ အကို့ကိုအရမ်းကျေးဇူးတင်ပါတယ် ညီမတို့သားအမိကိုအခုလိုမျိုး..."

"အလိုပါဘူး...ညီမရယ် အခုညီမက Jeonမျိုးရိုးဖြစ်သွားပြီ ဒီအိမ်မှာလဲ သက်သောင့်သက်သာနေ"

"ဟုတ် အကို"

"လာ...အခန်းထဲမှာသွားနားကြရအောင်"

∆∆∆∆∆

"သခင်လေး အခန်းက ဒီအခန်းပါရှင့်...ဒီမှာသော့ပါ"

အိမ်တော်ထိန်းကြီးက သော့ကိုကမ်းပေးလိုက်တော့...

"ဟုတ် ကျေးဇူးပါ...ဒါနဲ့လေ ကျနော့်ကို သခင်လေးလို့မခေါ်ပါနဲ့လား ဒီတိုင်းပေါ့ပေါ့ပါးပါး Taehyungလို့ပဲခေါ်ပါလား"

"ဒါကတော့ ဒီအိမ်ရဲ့စည်းမျဉ်းစည်းကမ်းအရပါ...အခုတော့ခွင့်ပြုပါအုံး"

Taehyungမှဘာဆက်ပြောရမှန်းကိုမသိတော့။
ဒီအိမ်ကလူတွေနဲ့ ရင်းနှီးအောင်တော့လုပ်ယူရအုံးမည်။

အိမ်တော်ထိန်းကြီးလဲ အောက်ထပ်ကိုပြန်ဆင်းသွားတော့ Taehyungလဲအခန်းတံခါးသော့ဖွင့်ပြီး အထုပ်တွေကိုယာယီချထားကာ ရေအရင်ချိုးရန်ရေချိုးခန်းထဲတန်းဝင်လိုက်သည်။

JEON TAE is mine (Completed) Where stories live. Discover now